မာတိကာဆီ ကျော်သွား

၂၀၂၂၊ ဇန်နဝါရီ ၄
ဘရာဇီး

ဘရာဇီး အရှေ့မြောက်ပိုင်းမှာ မိုးသက်မုန်တိုင်းကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွား

ဘရာဇီး အရှေ့မြောက်ပိုင်းမှာ မိုးသက်မုန်တိုင်းကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွား

၂၀၂၁၊ ဒီဇင်ဘာ ၂၄ ကနေ ၂၆ ရက်အထိ ဘရာဇီးနိုင်ငံ၊ ဗဟိုင်အာပြည်နယ်မှာ မိုးသည်းထန်စွာ ရွာတဲ့အတွက် လူပေါင်း ၆၄၀,၀၀၀ ကျော် ဒုက္ခရောက်ခဲ့ကြတယ်။ ရေကြီးရေလျှံပြီး ရေကာတာတွေ ပြိုကျသွားလို့ မြို့အတော်များများ ရေဘေးသင့်ခဲ့ရတယ်။

ညီအစ်ကို/မတွေရဲ့ အခြေအနေ

  • ညီအစ်ကို/မတစ်ဦးမှ ထိခိုက်ဒဏ်ရာ မရပါဘူး

  • ကြေညာသူ ၂၇၃ ဦး ဘေးကင်းရာဆီ ရွှေ့ပြောင်းရတယ်

  • အိမ် ၁၀၉ လုံး အနည်းငယ် ပျက်စီးတယ်

  • ဝတ်ပြုရာခန်းမ ၃ လုံး အနည်းငယ် ပျက်စီးတယ်

ကယ်ဆယ်ရေး လုပ်ဆောင်မှု

  • သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ (DRC) ကို ဖွဲ့စည်းပြီး ရေ၊ အစားအစာနဲ့ အဝတ်အထည် ထောက်ပံ့ပေးနေပါတယ်

  • ဘေးကင်းရာကို ရွှေ့ပြောင်းရတဲ့ ကြေညာသူတွေဟာ ဆွေမျိုးတွေ၊ ကြေညာသူတွေအိမ်မှာ ယာယီ တည်းခိုနေကြပါတယ်

  • ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကိုဗစ် ၁၉ ဘေးကင်းရေး လမ်းညွှန်ချက်နဲ့အညီ လုပ်ဆောင်ကြတယ်

ကယ်ဆယ်ရေး အဖွဲ့ဝင် ညီအစ်ကို မာစဲလို အမ်ဘရိုစီအိုက “ညီရင်းအစ်ကိုမေတ္တာ ပြကြတာကို တွေ့ရလို့ ကျွန်တော် သိပ်အားရှိတယ်။ ယေဟောဝါအမှုတော်ကို ပိုဆောင်ရွက်ဖို့ စိတ်ဆုံးဖြတ်တယ်” လို့ ပြောတယ်။

ရေဘေးသင့် ညီအစ်ကို/မတွေအတွက် ယေဟောဝါဟာ “လုံခြုံတဲ့ ခိုလှုံရာ ဖြစ်လိမ့်မယ်” လို့ ကျွန်တော်တို့ ယုံကြည်တယ်။—ဆာလံ ၉:၉