မာတိကာဆီ ကျော်သွား

ဒီဇင်ဘာ ၃၁၊ ၂၀၁၈
ဘရာဇီး

ဘရားဇီးနိုင်ငံ၊ မာနော်မြို့မှာ မီးလောင်

ဘရားဇီးနိုင်ငံ၊ မာနော်မြို့မှာ မီးလောင်

ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းမှာ ဘရာဇီးနိုင်ငံ၊ မာနော်မြို့မှာ မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ် ၆၀၀ ထက်မနည်း ပျက်စီးသွားပါတယ်။ သေဆုံးသူ မရှိပေမဲ့ လူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး လူ ၂,၀၀၀ ကျော် အိုးအိမ်ပျက်စီးသွားပါတယ်။

မီးဘေးကြောင့် ညီအစ်ကို/မ တစ်ယောက်မှ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဘရာဇီးဌာနခွဲရုံးက သတင်းပို့ပါတယ်။ ဒါပေမဲ့ ညီအစ်ကို ၁၀ ယောက်ရဲ့ အိမ် ပျက်စီးသွားတာမို့ ကြေညာသူ ၁၈ ယောက်နဲ့ သက်သေခံ မဟုတ်တဲ့ ဆွေမျိုးသားချင်းတွေ အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြပါတယ်။ ဌာနခွဲရုံးရဲ့ ညွှန်ကြားချက်အရ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီက ဘေးသင့်တဲ့ ကြေညာသူတွေရဲ့ လိုအပ်ရာတွေကို ဂရုစိုက်ပေးနေပါတယ်။

ဘရာဇီးနိုင်ငံက မီးဘေးသင့် ညီအစ်ကို/မတွေအနေနဲ့ “ဒုက္ခရောက်ချိန်မှာ လုံခြုံတဲ့ခိုလှုံရာ” ယေဟောဝါဘုရားကို ဆက်လက် ယုံကြည်ကိုးစားသွားကြမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။—ဆာလံ ၉:၉၊ ၁၀