မာတိကာဆီ ကျော်သွား

စံချိန်တင် မိုးရွာသွန်းမှုနဲ့ မြေပြိုမှုကြောင့် ပက်ထရိုပိုလစ် တောင်ပေါ်မြို့ အတော်လေး ပျက်စီးသွား

၂၀၂၂၊ ဖေဖော်ဝါရီ ၂၃
ဘရာဇီး

သည်းထန်တဲ့ မိုးနဲ့ မြေပြိုမှုကြောင့် ဘရာဇီး တောင်ပေါ်မြို့တစ်မြို့ ပျက်စီး

သည်းထန်တဲ့ မိုးနဲ့ မြေပြိုမှုကြောင့် ဘရာဇီး တောင်ပေါ်မြို့တစ်မြို့ ပျက်စီး

၂၀၂၂၊ ဖေဖော်ဝါရီ ၁၅ ရက်မှာ မိုးသက်မုန်တိုင်းကြောင့် ဘရာဇီး၊ ရီယိုဒီဂျနေရို ဒေသ၊ ပက်ထရိုပိုလစ် တောင်ပေါ်မြို့မှာ မြေပြိုတဲ့အတွက် အိမ်တွေ၊ စီးပွားတွေ အများကြီး ပျက်စီးသွားတယ်။ ၂၄ နာရီအတွင်း မိုးရေချိန် ၁၀.၂ လက်မ (၂၆ စင်တီမီတာ) ရွာသွန်းခဲ့တယ်။

ညီအစ်ကို/မတွေရဲ့ အခြေအနေ

  • ညီအစ်ကိုတစ်ဦး ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရလို့ ဒေသန္တရဆေးရုံမှာ တင်ထားတယ်။ သူရဲ့ နှစ်နှစ်သားက ရွှံ့ရေစီးကြောင်းထဲ ပါသွားလို့ အသက်ဆုံးရှုံးသွားရှာတယ်

  • တခြားညီအစ်ကိုတစ်ယောက်လည်း အသက်ဆုံးရှုံးသွားတယ်

  • ကြေညာသူ ၈၆ ဦး ဘေးကင်းရာဆီ ရွှေ့ပြောင်းရတယ်

  • အိမ် ၂ လုံး ပျက်စီးသွားတယ်

  • အိမ် ၁၅ လုံး အတော်လေး ပျက်စီးတယ်

  • ဝတ်ပြုရာခန်းမ ၂ လုံး အနည်းငယ် ပျက်စီးတယ်

ကယ်ဆယ်ရေး လုပ်ဆောင်မှု

  • သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ (DRC) ကို ဖွဲ့စည်းပြီး ကယ်ဆယ်ရေး လုပ်ငန်း လုပ်ဆောင်ပေးနေပါတယ်

  • တိုက်နယ်ကြီးကြပ်မှူးနဲ့ အသင်းတော် အကြီးအကဲတွေက ရေ၊ အစားအစာနဲ့ အဝတ်အထည်အပြင် ဘုရားရေးရာဘက်မှာလည်း လိုအပ်သလို ထောက်ပံ့အားပေးနေပါတယ်

  • ဘေးကင်းရာကို ရွှေ့ပြောင်းရတဲ့ ကြေညာသူတွေဟာ ဆွေမျိုးတွေ၊ ကြေညာသူတွေအိမ်မှာ ယာယီ တည်းခိုနေကြပါတယ်

  • ကယ်ဆယ်ရေး လုပ်ငန်းအားလုံးကို ကိုဗစ် ၁၉ ဘေးကင်းရေး လမ်းညွှန်ချက်နဲ့အညီ လုပ်ဆောင်ကြတယ်

ဒီဘေးဆိုးကြောင့် ဒုက္ခရောက်နေတဲ့ ညီအစ်ကို/မတွေအတွက် ဆုတောင်းရင်း ယေဟောဝါဟာ အထူးသဖြင့် ချစ်ရသူတွေ ဆုံးရှုံးတဲ့ ‘သူတို့ကို နှစ်သိမ့်ပေးပြီး ခိုင်ခံ့မြဲမြံအောင် လုပ်ပေး’ မယ်ဆိုတာ သိထားကြတယ်။—၂ သက်သာလောနိတ် ၂:၁၆၊ ၁၇