မာတိကာဆီ ကျော်သွား

၂၀၁၉၊ ဇွန် ၃
ဘိုလီးဗီးယား

ဘိုလီးဗီးယားမှာ မြေပြိုမှုကြောင့် လာပါဇ်မြို့ ပျက်စီး

ဘိုလီးဗီးယားမှာ မြေပြိုမှုကြောင့် လာပါဇ်မြို့ ပျက်စီး

၂၀၁၉၊ ဧပြီ ၃၀ ရက်နေ့မှာ မြေပြိုမှုကြောင့် ဘိုလီးဗီးယားနိုင်ငံ၊ လာပါဇ်မြို့က စန် ဟော်ဟာ ကန်တူတာနီရပ်ကွက်ရဲ့ နေရာအတော်များများ ပျက်စီးသွားတယ်။ ထောင်နဲ့ချီတဲ့လူတွေ ပြောင်းရွှေ့ခဲ့ကြရတယ်။

မြေပြိုမှုကြောင့် ညီအစ်ကို/မတွေ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာ မရှိဘူး။ ညီအစ်ကိုတွေရဲ့ အိမ်နှစ်လုံးကတော့ လုံးလုံး ပျက်စီးသွားတယ်လို့ ဘိုလီးဗီးယား ဌာနခွဲက သတင်းပို့တယ်။ ဘေးသင့်တဲ့ဒေသမှာနေတဲ့ တခြား သက်သေခံမိသားစု ၁၁ စုရဲ့ အိမ်တွေကတော့ ထိခိုက်ပျက်စီးမှု မရှိဘူး။

ဌာနခွဲရုံးရဲ့ ညွှန်ကြားမှုအောက်မှာ သဘာဝဘေး ကယ်ဆယ်ရေးကော်မတီ၊ တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံအကြီးအကဲတွေဟာ ဝတ်ပြုရေးနဲ့ တခြားအရာတွေအတွက် ကူညီပေးခဲ့ကြတယ်။ အဲဒီဒေသမှာ မိုးတွေ ဆက်တိုက်ရွာလာရင် နောက်ထပ်မြေပြိုမှုတွေ ဖြစ်နိုင်လို့ ညီအစ်ကိုတွေဟာ သတိနဲ့ နေကြရတယ်။

ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေ ထိခိုက်ဒဏ်ရာရတာ မရှိလို့၊ လိုအပ်တဲ့အကူအညီတွေ ရနေလို့ ကျေးဇူးတင်စရာပါပဲ။—ဂလာတိ ၆:၁၀