မာတိကာဆီ ကျော်သွား

ပြခန်းရဲ့ နောက်ခံနံရံမှာ “စိတ်ကျန်းမာရေးအတွက် အကူအညီ ဘယ်က ရနိုင်မလဲ” ကင်းမျှော်စင် မျက်နှာဖုံးကို တွေ့ရပြီး ညီအစ်မတွေက ပျော်စရာဘဝ ထာဝရ စံစားကြ စာစောင်ကို ကိုင်ထားကြ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်
ဘိုလီးဗီးယား

ဘိုလီးဗီးယား နိုင်ငံတကာ စာအုပ်ပြပွဲမှာ စိတ်ကျန်းမာရေးအကြောင်း တင်ဆက်မှုကို လူတွေ အထူးစိတ်ဝင်စား

ဘိုလီးဗီးယား နိုင်ငံတကာ စာအုပ်ပြပွဲမှာ စိတ်ကျန်းမာရေးအကြောင်း တင်ဆက်မှုကို လူတွေ အထူးစိတ်ဝင်စား

၂၀၂၃ ခုနှစ်၊ မေ ၃၁ ကနေ ဇွန် ၁၁ ရက်အထိ ဘိုလီးဗီးယားနိုင်ငံ၊ စဲန်တာ ခရုဇ် ဒီလာ စီအာရာမြို့မှာ စဲန်တာ ခရုဇ် နိုင်ငံတကာ စာအုပ်ပြပွဲကို ကျင်းပခဲ့တယ်။ ပြပွဲကို ဧည့်သည် ၁၂၀,၀၀၀ ကျော် လာရောက်ကြတယ်။ ညီအစ်ကိုတွေ စီစဉ်တဲ့ပြခန်းမှာ ကင်းမျှော်စင် အမှတ် ၁၊ ၂၀၂၃ “စိတ်ကျန်းမာရေးအတွက် အကူအညီ ဘယ်က ရနိုင်မလဲ” စာစောင်ကို အသားပေးတင်ဆက်ခဲ့တယ်။

စပိန်ဘာသာစကားနဲ့ ထုတ်ဝေထားတဲ့ ကင်းမျှော်စင် အမှတ် ၁၊ ၂၀၂၃ “စိတ်ကျန်းမာရေးအတွက် အကူအညီ ဘယ်က ရနိုင်မလဲ” စာစောင်

ပြပွဲအတွင်း ညီအစ်ကို/မ ၂၀၀ နီးပါးက ဧည့်သည် ၂၀,၀၀၀ ကျော်ကို ကြိုဆိုကြတယ်။ ကျွန်တော်တို့ ဝက်ဘ်ဆိုက်ထဲက ပညာပေးဗီဒီယိုတွေကို တီဗွီမှာ ပြသတယ်။ jw.org ဝက်ဘ်ဆိုက်ထဲမှာ အကြောင်းအရာတွေ ဘယ်လိုရှာဖွေနိုင်တယ်ဆိုတာလည်း ဧည့်သည်တွေကို ပြသတယ်။ စာပေ ၅,၅၀၀ နီးပါး ဝေငှနိုင်ခဲ့ပြီး ဗီဒီယို ၆၀၀ လောက် ပြသနိုင်ခဲ့တယ်။ ပြခန်းကို လာရောက်ကြည့်ရှုသူ ၄၅ ယောက်က jw.org မှာ ဖောင်ဖြည့်ပြီး ကျမ်းစာသင်အံမှု တောင်းခံကြတယ်။

ကျွန်တော်တို့ရဲ့ပြခန်းမှာ စိတ်ကျန်းမာရေးအကြောင်း တင်ဆက်ထားတာကို အမျိုးသမီးတစ်ယောက် သတိပြုမိပြီး ညီအစ်မတစ်ယောက်နဲ့ သွားစကားပြောတယ်။ အမေ့မှာ စိတ်ကျန်းမာရေးပြဿနာ ရှိနေပြီး သူကိုယ်တိုင်လည်း စိုးရိမ်ပူပန်မှု၊ စိတ်ကျဝေဒနာ ခံစားနေရတယ်လို့ ပြောပြတယ်။ ဒါနဲ့ ညီအစ်မက အမျိုးသမီးရဲ့ဖုန်းထဲမှာ စိတ်ကျန်းမာရေး ကင်းမျှော်စင် မဂ္ဂဇင်းနဲ့ ပျော်စရာဘဝ ထာဝရ စံစားကြ စာစောင် ကူးပေးလိုက်တယ်။ အမျိုးသမီးက ချက်ချင်းပဲ jw.org မှာ ဖောင်ဖြည့်ပြီး ကျမ်းစာသင်အံမှု တောင်းဆိုခဲ့တယ်။

နိုင်ငံတကာ စာအုပ်ပြပွဲမှာ တွေ့ရတဲ့ ညီအစ်ကို၊ ညီအစ်မတွေ

ပြပွဲမှာ စိတ်ကျန်းမာရေး ကင်းမျှော်စင် စာစောင် ရရှိခဲ့တဲ့ စိတ်ပညာရှင်တစ်ယောက် အခုလိုပြောတယ်– “ကျွန်တော့်လူနာတွေကိုလည်း ဒီစာစောင် ပေးဖတ်မယ်။ ဒီမှာပါတဲ့ အချက်အလက်တွေ၊ ဆွေးနွေးထားတဲ့ ကျမ်းချက်တွေက သူတို့အတွက် ကျိန်းသေ အကူအညီဖြစ်မှာ။” သိပ်မကြာခင်ကမှ အမေဆုံးသွားတဲ့ အမျိုးသမီးတစ်ယောက်လည်း ရောက်လာတယ်။ ဒါနဲ့ သူ့ကို jw.org ထဲက “ငြိမ်သက်ခြင်းနဲ့ ပျော်ရွှင်ခြင်း” အပိုင်းအောက်က “သားသမီးတွေ ဝမ်းနည်းကြေကွဲတဲ့အခါ” ဆောင်းပါး ပြလိုက်တော့ သူ သိပ်အားရှိသွားတယ်။

အခုအချိန်မှာ လူများစွာ စိတ်ကျန်းမာရေးပြဿနာ ကြုံနေရတယ်။ ကျမ်းစာကတစ်ဆင့် ယေဟောဝါ ပြင်ဆင်ပေးထားတဲ့ လက်တွေ့ကျအကြံပြုချက်ကနေ လူတွေ နှစ်သိမ့်မှုရအောင် ကူညီပေးခွင့်ရလို့ ဘိုလီးဗီးယားက ညီအစ်ကို/မတွေ ဝမ်းသာကြတယ်။—ဆာလံ ၃၄:၁၈