မာတိကာဆီ ကျော်သွား

၂၀၂၄ ခုနှစ်၊ မေ ၃၁ ရက်
ဘီနင်

“ဖွန်ဘာသာစကားနဲ့ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစာ ထုတ်ဝေ

“ဖွန်ဘာသာစကားနဲ့ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစာ ထုတ်ဝေ

၂၀၂၄ ခုနှစ်၊ မေ ၂၆ ရက်မှာ အနောက်အာဖရိက ဌာနခွဲကော်မတီဝင် ညီအစ်ကို အာဗဒေလ ဗိုရူက ဖွန်ဘာသာစကားနဲ့ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစာကို ထုတ်ဝေခဲ့တယ်။ ဘီနင်နိုင်ငံ၊ အဘိုမီမြို့ အစည်းအဝေးကြီးခန်းမမှာကျင်းပတဲ့ အထူးအစီအစဉ်မှာ ထုတ်ဝေခဲ့တာပါ။ ညီအစ်ကို/မ ၉၂၀ က လူကိုယ်တိုင် တက်ရောက်တယ်။ ၆,၁၈၈ ယောက်ကတော့ ဗီဒီယိုချိတ်ဆက်ပြီး ကြည့်ရှုကြတယ်။ အစီအစဉ်တက်ရောက်သူတွေကို ခရစ်ယာန် ဂရိကျမ်းစာ စာအုပ်တွေ ဝေငှပေးခဲ့တယ်။ ဒီကျမ်းစာကို အသံဖိုင်နဲ့ကော ဒီဂျစ်တယ်ပုံစံနဲ့ပါ ချက်ချင်း ကူးယူနိုင်ကြတယ်။

ဘီနင်မှာ ဖွန်ဘာသာစကားပြောသူ နှစ်သန်းလောက်ရှိတယ်။ ညီအစ်ကို/မ ၄,၀၀၀ ကျော်က ဖွန်စကားပြော အသင်းတော်နဲ့အုပ်စု ၈၄ ခုမှာ အမှုဆောင်နေကြတယ်။ ၂၀၂၂ ခုနှစ်မှာ မဿဲကျမ်းစောင်ကို ထုတ်ဝေခဲ့ပြီးနောက်ပိုင်း တခြား ခရစ်ယာန်ဂရိကျမ်းစောင်တွေကို ဒီဂျစ်တယ်ပုံစံနဲ့ တစ်ခုပြီးတစ်ခု ထုတ်ဝေပေးခဲ့တယ်။

ကျမ်းစာပါ ပညာရှိအကြံဉာဏ်နဲ့အညီ အသက်ရှင်နေထိုင်လိုသူတွေအတွက် နှုတ်တော်ထွက် “အမှန်တရား” ရရှိအောင် လုပ်ဆောင်ပေးတဲ့ ယေဟောဝါဘုရားသခင်ကို ဖွန်စကားပြော ညီအစ်ကို/မတွေလိုပဲ ကျွန်တော်တို့လည်း ကျေးဇူးတင်ကြပါတယ်။—ယောဟန် ၁၇:၁၇