မာတိကာဆီ ကျော်သွား

ဘူလ်ဂေးရီးယား

ဘူလ်ဂေးရီးယားနိုင်ငံ သမိုင်းမှတ်တိုင်များ

ဘူလ်ဂေးရီးယားနိုင်ငံ သမိုင်းမှတ်တိုင်များ
  1. မေ ၁၉၊ ၂၀၀၄လော့တာနဲ့ လော့တာနဲ့ ဘူလ်ဂေးရီးယားအမှုမှာ နှစ်ဦးနှစ်ဖက် ညှိနှိုင်းသဘောတူညီမှု ရခဲ့တာကို လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး လက်ခံ၊ ယေဟောဝါသက်သေတွေမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရှိကြောင်း အစိုးရ အတည်ပြု

  2. ဧပြီ ၁၆၊ ၂၀၀၃—ခရစ်တော်ရဲ့ သေခြင်းအောက်မေ့ရာနေ့ကို ယေဟောဝါသက်သေတွေရဲ့ တရားဝင်ရုံးပိတ်ရက်အဖြစ် အစိုးရ အသိအမှတ်ပြု

  3. မတ် ၆၊ ၂၀၀၃—ဘာသာရေးဂိုဏ်းဂဏများဥပဒေသစ်အရ ယေဟောဝါသက်သေတွေ ပြန်လည်မှတ်ပုံတင်ခွင့်ရ

  4. မေ ၃၊ ၂၀၀၁—ယေဟောဝါသက်သေတစ်ဦးရဲ့အမှု (စတီဖာနိုနဲ့ ဘူလ်ဂေးရီးယား) မှာ နှစ်ဦးနှစ်ဖက် ညှိနှိုင်းသဘောတူညီမှု ရခဲ့တာကို လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး လက်ခံ၊ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုပေမဲ့ အရပ်ဘက်လုပ်ငန်း လုပ်ချင်သူတွေကို အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပေး

  5. အောက်တိုဘာ ၇၊ ၁၉၉၈—ဘူလ်ဂေးရီးယားမှာ ယေဟောဝါသက်သေတွေ တရားဝင် မှတ်ပုံတင်ခွင့်ရရှိ

  6. မတ် ၉၊ ၁၉၉၈—လူ့အခွင့်အရေးဆိုင်ရာ ဥရောပကော်မရှင် (လက်ရှိ လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးနဲ့ အစားထိုး) က နှစ်ဦးနှစ်ဖက် ညှိနှိုင်းသဘောတူညီချက်ကို လက်ခံ၊ ဘူလ်ဂေးရီးယားအစိုးရက ယေဟောဝါသက်သေတွေကို ဘာသာရေးအဖွဲ့အစည်းတစ်ခုအဖြစ် တရားဝင်မှတ်ပုံတင်ဖို့ သဘောတူ

  7. ၁၉၉၄—ဘူလ်ဂေးရီးယားအစိုးရက ဘာသာရေးကန့်သတ်မှုဥပဒေကို ထုတ်ပြန်ပြီး ယေဟောဝါသက်သေတွေရဲ့ မှတ်ပုံတင်ကို ပယ်ဖျက်

  8. မေ ၇၊ ၁၉၉၂—ဘူလ်ဂေးရီးယားနိုင်ငံဟာ ဥရောပကောင်စီရဲ့ ၂၆ ခုမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာ

  9. ဇူလိုင် ၁၇၊ ၁၉၉၁—ယေဟောဝါသက်သေ ခရစ်ယာန်အဖွဲ့အစည်း ဆိုတဲ့နာမည်နဲ့ ဘူလ်ဂေးရီးယားနိုင်ငံက ယေဟောဝါသက်သေတွေကို တရားဝင်မှတ်ပုံတင်ခွင့်ပြု

  10. ၁၉၄၄-၁၉၉၀—ကွန်မြူနစ်အုပ်ချုပ်မှုအောက်မှာ ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်းကို ပိတ်ပင်ထား

  11. မေ ၆၊ ၁၉၃၈—ယေဟောဝါသက်သေတွေ တရားဝင် အသိအမှတ်ပြုခံရ

  12. ၁၈၈၈—ဘူလ်ဂေးရီးယားနိုင်ငံက ယေဟောဝါသက်သေတွေရဲ့ အစောဆုံးမှတ်တမ်း