မာတိကာဆီ ကျော်သွား

၂၀၂၂ ခုနှစ်၊ ဇွန် ၁၀ ရက်
မက္ကဆီကို

ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစာ ကို နာဝါတယ် ဘာသာစကား (ပွက်ဘလာ မြောက်ပိုင်း) နဲ့ ထုတ်ဝေ

ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစာ ကို နာဝါတယ် ဘာသာစကား (ပွက်ဘလာ မြောက်ပိုင်း) နဲ့ ထုတ်ဝေ

၂၀၂၂ ခုနှစ်၊ ဇွန် ၅ ရက်မှာ ဗဟိုအမေရိက ဌာနခွဲ ကော်မတီဝင် ညီအစ်ကို အက်ဒဝတ် ဘန်းက နာဝါတယ် ဘာသာစကား (ပွက်ဘလာ မြောက်ပိုင်း) နဲ့ ကမ္ဘာသစ်ဘာသာပြန်ခရစ်ယာန်ဂရိကျမ်းစာကို ပုံနှိပ်ကျမ်းစာအုပ် အနေနဲ့ရော ဒီဂျစ်တယ်ပုံစံနဲ့ပါ ထုတ်ဝေခဲ့တယ်။ ပရိသတ် ၁,၅၀၀ ကျော်က ကြိုတင်ရိုက်ကူးထားတဲ့ အစီအစဉ်ကို ကြည့်ရှုခဲ့ကြတယ်။

နာဝါတယ် (ပွက်ဘလာ မြောက်ပိုင်း) ဘာသာစကားပြောသူတွေဟာ အဓိကအားဖြင့် မက္ကဆီကို လူမျိုးတွေနေထိုင်တဲ့ ပွက်ဘလာပြည်နယ်နဲ့ ဗီရာခရုဇ်မြို့မှာ နေထိုင်ကြတယ်။ နာဝါတယ် (ပွက်ဘလာ မြောက်ပိုင်း) ဘာသာစကားပြော ပထမဆုံး အသင်းတော်ကို ၂၀၀၂ ခုနှစ်မှာ တည်ထောင်ခဲ့တယ်။ ယေဟောဝါနာမည် နေရာမှာ သခင်၊ ဘုရားသခင်လို့ အစားထိုးထားတဲ့ ကျမ်းစာကို အမှုဆောင်လယ်ကွင်းမှာ ကြေညာသူတွေ အသုံးပြုခဲ့ရတယ်။

ဟောပြောချက်ထဲမှာ ညီအစ်ကို ဘန်း ဒီလို ပြောခဲ့တယ်– “ဒီခရစ်ယာန်ဂရိကျမ်းစာကို ချက်ချင်း စဖတ်ကြဖို့ အားပေးပါတယ်။ ဘုရားသခင်ရဲ့ စကားကို ညီအစ်ကိုတို့ရဲ့ ဘာသာစကားနဲ့ တိတိကျကျ ပြန်ဆိုထားတဲ့အတွက် ယုံကြည်စိတ်ချမှုအပြည့်နဲ့ ဖတ်နိုင်ပါတယ်။”

ဒီဘာသာပြန်ကျမ်းက နာဝါတယ် (ပွက်ဘလာ မြောက်ပိုင်း) ဘာသာစကားပြော ညီအစ်ကို/မတွေကို ယုံကြည်ခြင်း ခိုင်ခံ့စေမယ်၊ ဘုရားနိုင်ငံတော် သတင်းကောင်း ဟောပြောရာမှာလည်း အထောက်အကူဖြစ်စေမယ်လို့ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။​—⁠မာကု ၁၃:⁠၁၀