မာတိကာဆီ ကျော်သွား

စက်တင်ဘာ ၈၊ ၂၀၁၇
မက္ကဆီကို

မက္ကဆီကိုမှာ ငလျင် လှုပ်ခတ်

မက္ကဆီကိုမှာ ငလျင် လှုပ်ခတ်

စက်တင်ဘာ ၇၊ ကြာသပတေးည၊ မက္ကဆီကိုတောင်ပိုင်း ပစိဖိတ်ကမ်းရိုးတန်းမှာ ပြင်းအား ၈.၂ ရှိတဲ့ငလျင် လှုပ်ခတ်ခဲ့ပါတယ်။ လူ ၄၅ ဦးထက်မနည်း သေဆုံးသွားတဲ့ ဒီငလျင်ဟာ ရာစုတစ်ခုအတွင်း အပြင်းထန်ဆုံးငလျင် ဖြစ်တယ်။ ဝမ်းနည်းစရာကတော့ သေဆုံးသူတွေထဲမှာ ညီအစ်ကိုတစ်ယောက်နဲ့ ညီအစ်မနှစ်ယောက် ပါဝင်ကြောင်း အတည်ပြုထားပါတယ်။

ကနဦးသတင်းတွေအရ ညီအစ်ကိုတွေရဲ့ အိမ်များစွာနဲ့ နိုင်ငံတော်ခန်းမ အတော်များများ ထိခိုက်ပျက်စီးသွားတယ်။ ချီယာပတ်စ်ပြည်နယ်က အစည်းအဝေးပွဲခန်းမနှစ်လုံးလည်း ပျက်စီးသွားပါတယ်။ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေတုန်းပါပဲ။

ညီအစ်ကို/မတွေအတွက် ကျွန်တော်တို့ ဆက်ဆုတောင်းပေးနေပါတယ်။ သူတို့ကို ယေဟောဝါ နှစ်သိမ့်ပေးမယ်၊ ခွန်အားပေးမယ်ဆိုတာ ယုံကြည်ပါတယ်။​—၂ သက်သာလောနိတ် ၂:​၁၆၊ ၁၇

Media Contacts:

International: David A. Semonian, Office of Public Information, +1-845-524-3000

Mexico: Gamaliel Camarillo, +52-555-133-3048