စက်တင်ဘာ ၂၀၊ ၂၀၂၁
မက္ကဆီကို
မက္ကဆီကိုမှာ ငလျင်နဲ့ ရေကြီးမှုကြောင့် အပျက်အစီး များပြား
၂၀၂၁၊ စက်တင်ဘာ ၆ မှာ မက္ကဆီကို အလယ်ပိုင်း ဒေသအတော်များများမှာ မိုးသည်းထန်စွာ ရွာပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့တယ်။ နောက်တစ်နေ့မှာ ဂွဲရီရိုပြည်နယ်နဲ့ မက္ကဆီကိုအလယ်ပိုင်းက တခြားပြည်နယ်တွေမှာ ပြင်းအား ၇.၁ ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့တယ်။
ညီအစ်ကို/မတွေရဲ့ အခြေအနေ
ရေဘေး
ညီအစ်ကို ၆၁ ယောက် အိုးအိမ် စွန့်ခွာရတယ်
ဝတ်ပြုရာခန်းမ ၂ လုံး အနည်းအကျဉ်း ပျက်စီးတယ်
အိမ် ၆၈ လုံး အနည်းအကျဉ်း ပျက်စီးတယ်
ငလျင်
ညီအစ်ကို ၇၁ ယောက် အိုးအိမ်စွန့်ခွာရတယ်
ညီအစ်ကို ၁၂ ယောက် ထိခိုက်ဒဏ်ရာရတယ်
ဝတ်ပြုရာခန်းမ ၄၂ လုံး အနည်းအကျဉ်း ပျက်စီးတယ်
အိမ်ခြေ ၂၂၀ အနည်းအကျဉ်း ပျက်စီးတယ်
အိမ် ၇၆ လုံး ဆိုးဆိုးရွားရွား ပျက်စီးတယ်
အိမ် ၇ လုံး လုံးဝ ပျက်စီးတယ်
ကယ်ဆယ်ရေး လုပ်ဆောင်မှု
ရေဘေး
အိုးအိမ်စွန့်ခွာရတဲ့သူတွေဟာ ဆွေမျိုးတွေနဲ့ အတူနေထိုင်ကြတယ်
ဒေသခံ အသင်းတော်တွေက ဘေးသင့်သူတွေကို အစားအစာ ၁၀၄ ဘူး ပေးဝေတယ်
ငလျင်
အိုးအိမ်စွန့်ခွာရတဲ့သူတွေကို ဆွေမျိုးနဲ့ သက်သေခံတွေက နေရာထိုင်ခင်း ပေးကြတယ်
ထိခိုက်ဒဏ်ရာရတဲ့ ညီအစ်ကိုတွေ ဆေးကုသမှု ချက်ချင်း ရရှိကြပြီး မစိုးရိမ်ရပါ
ညီအစ်ကို/မတွေဟာ ဘေးကျရောက်ချိန်မှာ အရေးပေါ်အိတ်တွေ အသင့်ပြင်ဆင်ထားကြပြီး ဖြစ်တယ်။ ဒေသအာဏာပိုင်တွေရဲ့ ညွှန်ကြားချက်တွေကို ချက်ချင်း လိုက်နာကြတယ်။ တိုက်နယ်ကြီးကြပ်မှူးတွေက ဘေးအန္တရာယ်ကယ်ဆယ်ရေး ကော်မတီရဲ့ အကူအညီနဲ့ အခြေအနေကို အနီးကပ် အာရုံစိုက်ပြီး ဘေးသင့်တဲ့ မိသားစုတွေကို အားပေးကူညီနေကြတယ်။ တစ်ချိန်ထဲမှာ ကိုဗစ်-၁၉ ဘေးကင်းရေး ညွှန်ကြားချက်တွေကိုလည်း လိုက်နာကြတယ်။
အခုလို ခက်ခဲတဲ့အချိန်တွေမှာ ယေဟောဝါနဲ့ အဖွဲ့အစည်းကို ညီအစ်ကို/မတွေ ယုံကြည်မှု အပြည့်အဝ တင်ပြနေကြတယ်။ သူတို့ကို ယေဟောဝါ ဆက်ကာကွယ်စောင့်ရှောက်ပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချကြတယ်။—ဟေရှာယ ၂၆:၃။