ဩဂုတ် ၁၇၊ ၂၀၂၀
မက္ကဆီကို
မက္ကဆီကိုမှာ ဟာရီကိန်းမုန်တိုင်း ဟန်နာ ဝင်ရောက်တိုက်ခတ်သွား
နေရာ
မက္ကဆီကိုနိုင်ငံ တာမော်လီပါစ်နဲ့ နွေဗိုလေရွန်ပြည်နယ်
သဘာဝဘေး
ဟာရီကိန်းမုန်တိုင်း ဟန်နာဟာ အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့သွား၊ ၂၀၂၀၊ ဇူလိုင် ၂၆ မှာ မက္ကဆီကို အရှေ့မြောက်ပိုင်းဒေသကို ရွေ့လျားတိုက်ခတ်တဲ့အတွက် ရေကြီးရေလျှံမှုတွေ ဖြစ်ပွား
ညီအစ်ကို/မတွေရဲ့ အခြေအနေ
နွေဗိုလေရွန်ပြည်နယ်က မိသားစု ၁၄ ခု ဘေးလွတ်ရာကို ကြိုတင်ရွှေ့ပြောင်းကြ
တာမော်လီပါစ်ပြည်နယ်၊ ရိုနိုလ်ဆာမြို့က ကြေညာသူ ၁၀၀ နေအိမ်စွန့်ခွာ ပြောင်းရွှေ့ကြ
အဆောက်အဦ ပျက်စီးဆုံးရှုံးမှု
နွေဗိုလေရွန်ပြည်နယ်မှာ နေအိမ် ၂၁ လုံး ပျက်စီး
တာမော်လီပါစ်ပြည်နယ်မှာ နေအိမ် ၁၁၇ လုံး ပျက်စီး
ကယ်ဆယ်ရေးလုပ်ငန်း
ဗဟိုအမေရိက ဌာနခွဲက သဘာဝဘေး ကယ်ဆယ်ရေးကော်မတီ ဖွဲ့စည်းပေး
ရေမြုပ်သွားတဲ့ နေအိမ်တွေကို သန့်ရှင်းရေးလုပ်ဖို့ မုန်တိုင်းသင့်ဒေသက တိုက်နယ်ကြီးကြပ်မှူးတွေ၊ အကြီးအကဲတွေ ပူးပေါင်းလုပ်ဆောင်နေကြ
နွေဗိုလေရွန်ပြည်နယ်မှာ ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်တဲ့ ညီအစ်ကို/မ အများစု မိမိတို့နေအိမ် ပြန်နိုင်ကြပြီ
တာမော်လီပါစ်ပြည်နယ် အနီးတစ်ဝိုက် အသင်းတော်တွေက မုန်တိုင်းသင့်သူတွေကို အစားအစာ၊ အဝတ်အစား လိုအပ်တာတွေ ဖြည့်ဆည်းပေးနေကြ
ညီအစ်ကို/မတစ်ယောက်မှ ထိခိုက်ဒဏ်ရာရတာ မရှိလို့ ယေဟောဝါကို ကျေးဇူးတင်ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်း ချက်ချင်းလုပ်ဆောင်ကြတာကို ကြည့်ရင် ကောင်းကင်ဘုံစံ အဖဘုရားကော ဘုရားရဲ့လူတွေကော “ဒုက္ခရောက်ချိန်မှာ ကူညီပေးဖို့” အမြဲ ‘အသင့်ရှိ’ ကြမှန်း သိသာတယ်။—ဆာလံ ၄၆:၁။