မာတိကာဆီ ကျော်သွား

နိုဝင်ဘာ ၁၅၊ ၂၀၁၈
မက္ကဆီကို

မက္ကဆီကိုနိုင်ငံမှာ သဘာဝဘေးတွေ ဆက်တိုက်ဝင်ရောက်

မက္ကဆီကိုနိုင်ငံမှာ သဘာဝဘေးတွေ ဆက်တိုက်ဝင်ရောက်

မက္ကဆီကိုနိုင်ငံမှာ အောက်တိုဘာ ၂၃ ရက်နေ့တုန်းက အပူပိုင်းမုန်တိုင်း ဗင်းဆင့်နဲ့ ဝီလာမုန်တိုင်း တိုက်ခတ်ခဲ့တယ်။ ဗင်းဆင့်မုန်တိုင်းကြောင့် မက္ကဆီကို တောင်ပိုင်းမှာ ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပွားပြီး လူ ၁၁ ဦး သေဆုံးခဲ့တယ်။ ဝီလာမုန်တိုင်းကြောင့် မက္ကဆီကို ပစိဖိတ်ကမ်းရိုးတန်းဘက်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး တစ်နာရီ မိုင် ၁၂၀ (၁၉၃ ကီလိုမီတာ) နှုန်းနဲ့ လေပြင်း တိုက်ခတ်တဲ့အတွက် လူပေါင်း ၄,၂၅၀ ဟာ မုန်တိုင်းသင့်ဒေသကနေ နေရပ်စွန့်ခွာပြောင်းရွှေ့ကြရတယ်။

မုန်တိုင်းနှစ်ခုကြောင့် ညီအစ်ကို/မ တစ်ယောက်မှ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း မရှိကြောင်း မက္ကဆီကိုနိုင်ငံက လုပ်ငန်းကို ကြီးကြပ်ကွပ်ကဲနေတဲ့ ဗဟိုအမေရိက ဌာနခွဲရုံးက သတင်းပေးပို့ပါတယ်။ ဒါပေမဲ့ နာယာရစ်ပြည်နယ်က ကြေညာသူ ၁၁၈ ယောက်ဟာ အမြင့်ပိုင်းဒေသကို ပြောင်းရွှေ့ခဲ့ကြရတယ်။ စင်နာလိုအာဒေသက ဝတ်ပြုရာခန်းမတစ်လုံးနဲ့ ညီအစ်ကို/မတွေရဲ့ အိမ်တွေ ရေမြုပ်သွားပါတယ်။ မီရှိုအာကန်ဒေသမှာလည်း ယေဟောဝါသက်သေ မိသားစု ငါးစုရဲ့ အိမ်တွေ ရေမြုပ်သွားတယ်။ ဒေသခံ ညီအစ်ကို/မတွေက ရေမြုပ်သွားတဲ့ အိမ်တွေနဲ့ ဝတ်ပြုရာခန်းမကို သန့်ရှင်းရေး လုပ်ပေးပြီး လိုအပ်သလို ပြုပြင်ပေးကြတယ်။

သဘာဝဘေးတွေ မရှိတော့မယ့် အနာဂတ် မျှော်လင့်ချက်ကို သတိရပြီး မက္ကဆီကို မုန်တိုင်းဘေးသင့် ညီအစ်ကို/မတွေ ခံရပ်နိုင်ဖို့ ကျွန်တော်တို့ ဆက်ဆုတောင်းပေးနေကြပါတယ်။—၂ ကောရိန္သု ၆:၄