၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်
မက္ကဆီကို
မက္ကဆီကို အနောက်တောင်ကမ်းခြေကို အဖျက်စွမ်းအားပြင်း ဟာရီကိန်းမုန်တိုင်း အိုတစ် ဝင်ရောက်တိုက်ခတ်
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်မှာ မက္ကဆီကိုနိုင်ငံ၊ ကမ္ဘာလှည့်ခရီးသွားမြို့ဖြစ်တဲ့ အာခါပိုကိုမြို့အနီးက အနောက်တောင်ကမ်းခြေကို ပြင်းအားအဆင့် ၅ ရှိတဲ့ ဟာရီကိန်းမုန်တိုင်းအိုတစ် ဝင်ရောက်ခဲ့တယ်။ ပစိဖိတ်သမုဒ္ဒရာရဲ့ အဲဒီအပိုင်းကို တိုက်ခတ်ခဲ့ဖူးသမျှ မုန်တိုင်းတွေထဲမှာ အင်အားအပြင်းဆုံးပဲ။ လေတိုက်နှုန်း တစ်နာရီ ၁၆၅ မိုင် ရှိပြီး မိုးကြီးရေကြီးခဲ့တယ်။ လမ်း၊ တံတား၊ ဓာတ်အားပေးစနစ်တွေ ပျက်စီးပြီး လူများစွာ လျှပ်စစ်မီး ပြတ်လပ်ခဲ့တယ်။ လူ ၄၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်။
အောက်ပါအချက်အလက်တွေကို အစောပိုင်းတုန်းက ဒေသခံညီအစ်ကိုတွေ ပေးပို့ထားတာပါ။
ညီအစ်ကို/မတွေရဲ့ အခြေအနေ
ညီအစ်ကို/မတစ်ယောက်မှ ထိခိုက်၊ သေဆုံးခြင်းမရှိ
ဘေးသင့်ဒေသမှာ ညီအစ်ကို/မ ၁၀,၀၀၀ ကျော် နေထိုင်ကြ
အာခါပိုကိုမြို့က စည်းဝေးပွဲခန်းမ ၁ လုံး ကြီးကြီးမားမား ပျက်စီး
ကယ်ဆယ်ရေးလုပ်ငန်း
တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ အကြီးအကဲတွေက မုန်တိုင်းဘေးသင့်သူတွေကို လိုအပ်တဲ့ အကူအညီတွေပေးပြီး ကျမ်းစာနဲ့ နှစ်သိမ့်အားပေး
ညီအစ်ကို/မတွေကို အားပေးထောက်မဖို့ ဘေးသင့်ဒေသကို ဗဟိုအမေရိက ဌာနခွဲက ကိုယ်စားလှယ် ၄ ယောက် လာရောက်လည်ပတ်
ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြီးကြပ်ပေးဖို့ ကယ်ဆယ်ရေးကော်မတီတစ်ခု ဖွဲ့စည်း
ဟာရီကိန်းမုန်တိုင်း အိုတစ်ကြောင့် ထိခိုက်ခဲ့တဲ့ ညီအစ်ကို/မတွေကို ယေဟောဝါဘုရား ဆက်လက်နှစ်သိမ့်ပေးပြီး စိတ်ငြိမ်သက်မှုပေးသနားဖို့ ကျွန်တော်တို့ ဆုတောင်းပါတယ်။—ဖိလိပ္ပိ ၄:၆၊ ၇။