မာတိကာဆီ ကျော်သွား

စက်တင်ဘာ ၁၂၊ ၂၀၁၇
မက္ကဆီကို

မက္ကဆီကိုကို လီဒီယာမုန်တိုင်း တိုက်ခတ်

မက္ကဆီကိုကို လီဒီယာမုန်တိုင်း တိုက်ခတ်

စက်တင်ဘာ ၁၊ သောကြာနေ့မှာ မက္ကဆီကို၊ ဘာဟာကယ်လီဖိုးနီးယား ကျွန်းဆွယ်ကို လီဒီယာမုန်တိုင်း တိုက်ခတ်ခဲ့ပါတယ်။ စနေနေ့မှာ အားနည်းသွားပေမဲ့ မုန်တိုင်းကြောင့် မိုးသည်းထန်ပြီး မိုးရေချိန် ၂၇ လက္မ (၆၉ စင်တီမီတာ) ရှိခဲ့ရာ ၁၉၃၃ ခုနှစ်ကတည်းက ပမာဏအများဆုံး ဖြစ်ပါတယ်။ မုန်တိုင်းကြောင့် အနည်းဆုံး လူလေးဦး သေခဲ့ပါတယ်။

သက်သေခံညီအစ်မတစ်ယောက် အိမ်ကို လမ်းလျှောက်ပြန်တုန်း ရေထဲ မျှောပါ သေဆုံးသွားတယ်လို့ မက္ကဆီကိုမြို့တော်မှာရှိတဲ့ ယေဟောဝါသက်သေများရဲ့ ဌာနခွဲရုံးက သတင်းပို့ပါတယ်။ တခြားသုံးဦးလည်း ရေဘေးသင့်ခဲ့ပေမဲ့ ကယ်တင်နိုင်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် အိမ်ရှစ်လုံး ဆိုးဆိုးရွားရွား ပျက်စီးသွားတယ်။ ဘေးသင့်တဲ့သူတွေကို မိသားစုဝင်တွေ၊ ဒေသခံ ယေဟောဝါသက်သေတွေက စောင့်ရှောက်ပေးနေကြပါတယ်။

ကမ္ဘာချီ အမှုဆောင်လုပ်ငန်းအတွက် လှူဒါန်းထားတဲ့ ရန်ပုံငွေကို သုံးပြီး ယေဟောဝါသက်သေများရဲ့ အုပ်ချုပ်ရေးအဖွဲ့က ကမ္ဘာ့ဌာနချုပ်ကနေ ကယ်ဆယ်ရေးလုပ်ငန်းကို ညှိနှိုင်းဆောင်ရွက်ပေးနေပါတယ်။

Media Contacts:

International: David A. Semonian, Office of Public Information, +1-845-524-3000

Mexico: Gamaliel Camarillo, +52-555-133-3048