မာတိကာဆီ ကျော်သွား

စက်တင်ဘာ ၂၀၊ ၂၀၁၇
မက္ကဆီကို

မက္ကဆီကို အလယ်ပိုင်းမှာ ၇.၁ ပြင်းအားရှိတဲ့ ငလျင် လှုပ်ခတ်

မက္ကဆီကို အလယ်ပိုင်းမှာ ၇.၁ ပြင်းအားရှိတဲ့ ငလျင် လှုပ်ခတ်

၂၀၁၇၊ စက်တင်ဘာ ၁၉ ရက်နေ့က မက္ကဆီကို အလယ်ပိုင်းမှာ ၇.၁ ပြင်းအားရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့လို့ လူ ၂၀၀ ကျော် သေဆုံးသွားပါတယ်။ ဗဟိုအမေရိက ဌာနခွဲရုံးကနေ ကနဦးသတင်းတွေ ရရှိထားပါတယ်။

ငလျင်ကြောင့် မက္ကဆီကိုစီးတီးက ညီအစ်မတစ်ဦး သေဆုံးကြောင်း အတည်ပြုထားတယ်။ ညီအစ်မတစ်ဦးလည်း နေထိုင်တဲ့ အဆောက်အအုံ ပြိုကျပျက်စီးပြီး ပျောက်ဆုံးနေပါတယ်။ ပွက်ဘလာမြို့က ညီအစ်မတစ်ဦး ထိခိုက်ဒဏ်ရာ အပြင်းအထန် ရသွားတယ်။ မက္ကဆီကိုပြည်နယ်က ညီအစ်မတစ်ယောက်ကိုတော့ ဆေးရုံတင်ထားရပါတယ်။

ဌာနခွဲရုံးကို ခေတ္တစွန့်ခွာခဲ့ရပေမဲ့ လုပ်ငန်းတွေ ပုံမှန် ပြန်လည်ပတ်နေပါပြီ။ လူတွေ အထိအခိုက် မရှိသလို အဆောက်အအုံလည်း အပျက်အစီး မရှိပါဘူး။

ညီအစ်ကို/မတွေ “အကြီးအကျယ် သောကရောက်နေတာကို” ယေဟောဝါ သိမြင်ပြီး ထောက်မပေးသွားမှာမို့ ဒီခက်ခဲချိန်မှာ ကျွန်တော်တို့ ဆက်ဆုတောင်းပေးနေကြပါတယ်။—ဆာလံ ၃၁:၇

Media Contacts:

International: David A. Semonian, Office of Public Information, +1-845-524-3000

Mexico: Gamaliel Camarillo, +52-555-133-3048