မာတိကာဆီ ကျော်သွား

ရန်လိုနေတဲ့ ဟွီချိုလ်တွေ ဒီအိမ်ကို ရှာဖွေမွှေနှောက်ပြီး တံခါး၊ ပြတင်းပေါက်၊ အမိုးတွေ ဖြုတ်ယူကြတယ်။ အတွင်းပုံ- မိမိတို့နေအိမ်ကနေ မောင်းထုတ်ခံရတဲ့ ညီအစ်ကို/မတွေ

ဖေဖော်ဝါရီ ၆၊ ၂၀၁၈
မက္ကဆီကို

မက္ကဆီကိုနိုင်ငံ၊ ဟာလစ္စကိုပြည်နယ်၊ ဟွီချိုလ်အစုက ယေဟောဝါသက်သေတွေကို နေအိမ်ကနေ နှင်ထုတ်ကြ

မက္ကဆီကိုနိုင်ငံ၊ ဟာလစ္စကိုပြည်နယ်၊ ဟွီချိုလ်အစုက ယေဟောဝါသက်သေတွေကို နေအိမ်ကနေ နှင်ထုတ်ကြ

မက္ကဆီကိုစီးတီး။ ၂၀၁၇၊ ဒီဇင်ဘာ ၄ ရက်နေ့မှာ မက္ကဆီကိုနိုင်ငံ၊ ဟာလစ္စကိုတောင်တန်းပေါ်က ထူစပန် ဒီ ဘာလာနူစ်မြို့လေးမှာ လူတစ်အုပ်ဟာ ဟွီချိုလ်တိုင်းရင်းသားအစုမှာနေတဲ့ ညီအစ်ကို/မ ၁၂ ယောက်နဲ့ အပေါင်းအပါ ၃၆ ယောက်ကို နေအိမ်တွေကနေ နှင်ထုတ်ခဲ့ကြတယ်။ ဟွီချိုလ်ဘာသာရေး ထုံးတမ်းစဉ်လာတွေကို ယေဟောဝါသက်သေတွေ မလိုက်ကြလို့ ဒေါသထွက်ကြတယ်။ ညီအစ်ကို/မတွေဟာ ဘာသာရေး ညှဉ်းပန်းနှိပ်စက်ခြင်း ခံနေရတဲ့အတွက် အာဏာပိုင်တွေဆီမှာ အသနားခံစာ တင်ထားပါတယ်။

ညီအစ်ကိုတွေရဲ့ ပစ္စည်း တချို့ကိုယူပြီး တချို့ကို လွှင့်ပစ်ကြတယ်။

မက္ကဆီကန်အာဏာပိုင်တွေက ဟွီချိုလ်ယဉ်ကျေးမှုနဲ့ ထုံးတမ်းစဉ်လာတွေကို လေးစားတဲ့အတွက် ဟွီချိုလ်အဖွဲ့အစည်းကို လုပ်ပိုင်ခွင့်အတော်အတန် ပေးအပ်ထားတယ်။ ဟွီချိုလ်တိုင်းရင်းသားယဉ်ကျေးမှုဌာနအမိန့်နဲ့ အကြမ်းဖက်လူအုပ်က ညီအစ်ကိုတွေကို နေအိမ်တွေကနေ မောင်းထုတ်ကြတယ်။ အိမ်တွေကို နှံ့နှံ့စပ်စပ် ရှာဖွေမွှေနှောက်ပြီး တံခါး၊ ပြတင်းပေါက်၊ အမိုးတွေ ဖြုတ်ယူကြတယ်။ ကျန်တဲ့ပစ္စည်းတွေကို မြောင်းထဲ လွှင့်ပစ်ကြတယ်။ ညီအစ်ကိုတွေကို တောထဲ ပို့လိုက်ပြီး ပြန်လာရင် သတ်ပစ်မယ်လို့ ကြိမ်းကြတယ်။

ဝတ်ပြုစည်းဝေးရာခန်းမ အပြင်မှာ ဟွီချိုလ်ယေဟောဝါသက်သေတွေ

မက္ကဆီကိုဌာနခွဲက ကိုယ်စားလှယ်တစ်ဦးဟာ အိမ်ပစ်ရာပစ် ထွက်သွားရတဲ့ ညီအစ်ကိုတွေကို ကျမ်းစာနဲ့ အားပေးဖို့၊ နေစရာတွေ စီစဉ်ပေးဖို့ သွားရောက်တွေ့ဆုံခဲ့တယ်။ ယေဟောဝါသက်သေတွေရဲ့ တရားရေးဌာန ကိုယ်စားလှယ်တွေက ဟာလစ္စကိုပြည်နယ်အစိုးရ ညွှန်ကြားရေးမှူး၊ လူ့အခွင့်အရေး အစိုးရရှေ့နေ၊ ပြည်နယ် အစိုးရရှေ့နေ၊ ပြစ်မှုကျူးလွန်ခံရသူများကို ကူညီရေးအဖွဲ့ ညွှန်ကြားရေးမှူးတို့နဲ့ တွေ့ဆုံဆွေးနွေးကြတယ်။ အခု အဲဒီရာဇဝတ်မှုကို စုံစမ်းစစ်ဆေးနေပါတယ်။

မက္ကဆီကိုနိုင်ငံက ယေဟောဝါသက်သေတွေရဲ့ ပြောရေးဆိုခွင့်ရှိသူ ညီအစ်ကို ဂါမလီယာ ကမာရီလို ဒီလိုပြောတယ်- “ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေဟာ အသိုင်းအဝိုင်းမှာ သင့်သင့်မြတ်မြတ် နေထိုင်ပြီး ရပ်ရွာဓလေ့ထုံးစံတွေကို လေးစားကြသူတွေပါ။ ဘာသာရေး ယုံကြည်ချက်ကြောင့် ဘာသာရေး ထုံးတမ်းစဉ်လာတွေ မလိုက်တာနဲ့ပဲ ခုလို တိုက်ခိုက်ကြတာ တကယ် စိတ်မကောင်းစရာပဲ။ ဒီဘာသာရေး ညှဉ်းပန်းနှိပ်စက်မှုကို အာဏာပိုင်တွေ အမြန်ဆုံး အရေးယူလုပ်ဆောင်ပေးမယ်လို့ မျှော်လင့်ပါတယ်။”

နေအိမ်ကော ပစ္စည်းတွေပါ ဆုံးရှုံးခဲ့ကြတဲ့ ညီအစ်ကိုတွေအတွက် ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။ ယေဟောဝါဘုရားကလည်း အဖွဲ့အစည်းကတစ်ဆင့် လိုအပ်သလို ကူညီပေးမယ်ဆိုတာ ယုံကြည်စိတ်ချပါတယ်။—ဟေရှာယ ၃၂:၂

Media Contacts:

International: David A. Semonian, Office of Public Information, +1-845-524-3000

Mexico: Gamaliel Camarillo, +52-555-133-3048