မာတိကာဆီ ကျော်သွား

စက်တင်ဘာ ၂၀၊ ၂၀၁၇
မက္ကဆီကို

မက္ကဆီကိုတောင်ပိုင်းကို ဟာရီကိန်းမက်စ် တိုက်ခတ်

မက္ကဆီကိုတောင်ပိုင်းကို ဟာရီကိန်းမက်စ် တိုက်ခတ်

၂၀၁၇၊ စက်တင်ဘာ ၁၄ ရက်က မက္ကဆီကိုတောင်ပိုင်း ပစိဖိတ်ကမ်းရိုးတန်းမှာ ဟာရီကိန်းမက်စ် တိုက်ခတ်ခဲ့ပြီး အပူပိုင်းမုန်တိုင်းအဖြစ် အားလျော့သွားပါတယ်။ မုန်တိုင်းကြောင့် မိုးသက်လေပြင်း ကျရောက်ပြီး ရေလွှမ်းခဲ့တယ်။

မုန်တိုင်းဒဏ်သင့်တဲ့ အခြေအနေတွေကို သွားရောက်လေ့လာ အကဲဖြတ်နေဆဲပါ။ ဝမ်းနည်းစရာကတော့ ညီအစ်ကိုတစ်ဦးဟာ မုန်တိုင်းတိုက်နေချိန်မှာ အိမ်နီးချင်းကို ကူညီပေးဖို့ ကြိုးစားရင်း သေဆုံးသွားတယ်လို့ သတင်းရပါတယ်။ မက္ကဆီကိုဌာနခွဲရုံးက မုန်တိုင်းဘေးသင့်သူတွေကို အကူအညီပေးဖို့ ဒေသခံအသင်းတော်တွေနဲ့ ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြီးကြပ်ပေးနေပါတယ်။

Media Contacts:

International: David A. Semonian, Office of Public Information, +1-845-524-3000

Mexico: Gamaliel Camarillo, +52-555-133-3048