၂၀၂၂၊ ဖေဖော်ဝါရီ ၁၇
မာဒါဂတ်စကာ
မဒါဂတ်စကာနိုင်ငံမှာ ဘတ်စီရိုင်မုန်တိုင်း တိုက်ခတ်
၂၀၂၂၊ ဖေဖော်ဝါရီ ၆ ရက်က မဒါဂတ်စကာ အရှေ့တောင်ပိုင်းမှာ ဘတ်စီရိုင်မုန်တိုင်း တိုက်ခတ်ခဲ့တယ်။ လေတိုက်နှုန်း တစ်နာရီကို ၂၃၅ ကီလိုမီတာ (၁၄၆ mph) ရှိပြီး သေဆုံးသူ တချို့၊ ဘေးကင်းရာဆီ ပြောင်းရွှေ့ရတဲ့သူ ထောင်နဲ့ချီ ရှိတယ်။ ရေကြီးရေလျှံတဲ့အပြင် အပျက်အစီး အတော်များတယ်။
ညီအစ်ကို/မတွေရဲ့ အခြေအနေ
ညီအစ်ကို/မတစ်ယောက်မှ မသေဆုံးပါဘူး
ကြေညာသူ ၄၀၇ ယောက် အိုးအိမ်စွန့်ခွာပြီး ဘေးကင်းရာဆီ ပြောင်းရွှေ့ရတယ်
အိမ် ၃၅ လုံး အနည်းငယ် ပျက်စီးသွားတယ်
အိမ် ၁၉ လုံး အတော်လေး ပျက်စီးသွားတယ်
အိမ် ၃၅ လုံး လုံးဝပျက်စီးသွားတယ်
ဝတ်ပြုရာခန်းမ ၄ လုံး အနည်းငယ် ပျက်စီးသွားတယ်
ကယ်ဆယ်ရေး လုပ်ဆောင်မှုများ
ဌာနခွဲ ကော်မတီက ကယ်ဆယ်ရေး ကော်မတီ ၂၀ ဖွဲ့ပြီး ကူညီလုပ်ဆောင်နေပါတယ်
တိုက်နယ်ကြီးကြပ်မှူးတွေ၊ ဒေသခံ အကြီးအကဲတွေက ညီအစ်ကို/မတွေကို ဘုရားရေးရာပိုင်းမှာ ဆက်ကူညီပေးနေပါတယ်။ ယာယီအိမ်တွေ၊ အစားအစာနဲ့ လိုအပ်တဲ့ အကူအညီ ပေးဖို့ ညီအစ်ကိုတွေ စီစဉ်ပြီးပါပြီ
ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကိုဗစ်-၁၉ ဘေးကင်းရေး လမ်းညွှန်ချက်နဲ့အညီ လုပ်ဆောင်ကြတယ်
လူရောစိတ်ပါ ပင်ပန်းရတဲ့အချိန်မှာ ညီအစ်ကို/မတွေအတွက် ယေဟောဝါဟာ “လုံခြုံတဲ့ ခိုလှုံရာ” ဖြစ်တယ်ဆိုတာ ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၁၈:၂။