ဖေဖော်ဝါရီ ၂၊ ၂၀၂၂
မာဒါဂတ်စကာ
မဒါဂတ်စကာနိုင်ငံမှာ မိုးကြီးပြီး ရေလွှမ်းမိုး
၂၀၂၂၊ ဇန်နဝါရီလအတွင်း အန်တာနာနာရီဗိုမြို့တော်မှာ သဲကြီးမည်းကြီး မိုးရွာလို့ ရေလွှမ်းမိုး၊ မြေပြို၊ အဆောက်အအုံတွေ ပြိုကျတယ်။ ဆက်ပြီး မိုးကြီးမယ်လို့ ကြေညာထားတယ်။
ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ
ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူ မရှိ
ကြေညာသူ ၆၉၃ ဦး နေအိမ်ကနေ ယာယီ စွန့်ခွာရ
နိုင်ငံတော်ခန်းမ တစ်ခုမှ မပျက်စီး
ကယ်ဆယ်ရေးလုပ်ငန်း
ဌာနခွဲ ကော်မတီက သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ (DRC) ကို ကိုဗစ်-၁၉ စည်းကမ်းချက်တွေနဲ့အညီ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ခန့်အပ်ထားပါတယ်။
ကယ်ဆယ်ရေး ကော်မတီ၊ တိုက်နယ်ကြီးကြပ်မှူးတွေ၊ ဒေသခံ အကြီးအကဲတွေက ညီအစ်ကို/မတွေကို ရုပ်ပစ္စည်းပိုင်း၊ ဘုရားရေးရာပိုင်းမှာ ဆက်ကူညီပေးနေပါတယ်။
ယေဟောဝါဟာ ဒီလိုခဲယဉ်းတဲ့အချိန်မှာ ညီအစ်ကို/မတွေအတွက် “ခံတပ် ဖြစ်” မှာ သေချာတယ်။—ဆာလံ ၃၁:၂။