မာတိကာဆီ ကျော်သွား

မာဒါဂတ်စကာနိုင်ငံ ကျမ်းစာသင်တန်းကျောင်း အဆောက်အအုံသစ်မှာ သင်တန်းကျောင်းအဆောက်အအုံ (ဘယ်) နဲ့ လူနေအဆောက်အအုံ (ညာ) ပါဝင်

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၅ ရက်
မာဒါဂတ်စကာ

မာဒါဂတ်စကာနိုင်ငံမှာ ကျမ်းစာသင်တန်းကျောင်း အဆောက်အအုံသစ်ကို ဆက်ကပ်အပ်နှံ

မာဒါဂတ်စကာနိုင်ငံမှာ ကျမ်းစာသင်တန်းကျောင်း အဆောက်အအုံသစ်ကို ဆက်ကပ်အပ်နှံ

၂၀၂၃ ခုနှစ်၊ မေ ၂၇ ရက်နေ့မှာ မာဒါဂတ်စကာနိုင်ငံ၊ အင်တာနာနာရီဗိုမြို့က ကျမ်းစာသင်တန်းကျောင်း အဆောက်အအုံသစ် ဆက်ကပ်အပ်နှံပွဲကို အနီးနားက ဝတ်ပြုခန်းမမှာ ကျင်းပခဲ့တယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်တဲ့ ညီအစ်ကို ကဲနက် ကွတ် က “ယေဟောဝါကို ချီးမွမ်းမှုဖြစ်စေတဲ့ အဆောက်အအုံ” ခေါင်းစဉ်ရှိတဲ့ ဆက်ကပ်အပ်နှံ ဟောပြောချက် ပေးခဲ့တယ်။ နောက်တစ်ရက်၊ ဒေသခံ စည်းဝေးပွဲခန်းမမှာ အထူးအစီအစဉ် ကျင်းပခဲ့ပြီး အစီအစဉ်ထုတ်လွှင့်မှုကို ပရိသတ် ၄၅,၀၀၀ ကျော် ကြည့်ရှုခဲ့တယ်။

ညီအစ်ကို ကဲနက် ကွတ် (ဘယ်) က စကားပြန်နဲ့အတူ ဆက်ကပ်အပ်နှံပွဲ ဟောပြောချက်ပေးနေစဉ်

၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ကျမ်းစာသင်တန်းကျောင်းတွေကို မာဒါဂတ်စကာဌာနခွဲမှာ ကျင်းပလာခဲ့တာပါ။ ဒါပေမဲ့ ထပ်ဆင့်လေ့ကျင့်မှု ခံယူလိုတဲ့ ညီအစ်ကို/မတွေ တဖြည်းဖြည်း များများလာလို့ နေရာမဆံ့တော့ဘူး။ ၂၀၂၀၊ ဇူလိုင်လမှာ ဌာနခွဲကနေ လမ်းလျှောက်သွားရုံနဲ့ ရောက်နိုင်တဲ့ နေရာမှာ ၁၄,၅၁၀ စတုရန်းပေ ကျယ်တဲ့မြေ ဝယ်လိုက်တယ်။ ဝယ်ပြီးမကြာခင်မှာပဲ သင်တန်းကျောင်းအဆောက်အအုံ စဆောက်တယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကန့်သတ်မှုတွေရှိပေမဲ့ နှစ်နှစ်တောင်မပြည့်ခင် ဆောက်လုပ်ပြီးစီးသွားတယ်။ အဆောက်အအုံတစ်ခုက ကျမ်းစာသင်တန်းကျောင်းတွေအတွက်ဖြစ်ပြီး နောက်အဆောက်အအုံကတော့ သင်တန်းသားတွေနဲ့ ပို့ချသူတွေ နေထိုင်ဖို့ပါ။ သတင်းကောင်း ဟောပြောသူများအတွက် သင်တန်း၊ တိုက်နယ်ကြီးကြပ်မှူးများနဲ့ ဇနီးများအတွက် သင်တန်းကို ဒီနေရာမှာ ပြုလုပ်ပါမယ်။

“ဘုရားသခင်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို စွမ်းအားတော် သွန်သင်ပေးတဲ့စကားတွေနဲ့ ရှင်းပြ” ရာမှာ ပိုကျွမ်းကျင်လာဖို့ ကျမ်းစာသင်တန်းကျောင်းတွေက ညီအစ်ကို/မများစွာကို ထပ်ဆင့်လေ့ကျင့်ပေးပါလိမ့်မယ်။—၁ ကောရိန္သု ၂:၁၃