မာတိကာဆီ ကျော်သွား

ဇန်နဝါရီ ၂၅၊ ၂၀၁၈
မာဒါဂတ်စကာ

အာဗာမုန်တိုင်း မာဒါဂတ်စကာကို မွှေနှောက်ဖျက်ဆီး

အာဗာမုန်တိုင်း မာဒါဂတ်စကာကို မွှေနှောက်ဖျက်ဆီး

၂၀၁၈၊ ဇန်နဝါရီ ၅ ရက်နေ့မှာ မာဒါဂတ်စကာကျွန်းကို တိုက်ခိုက်ခဲ့တဲ့ အာဗာမုန်တိုင်း ဘေးသင့်တဲ့နေရာတွေကို ပြန်လည်ပြုပြင် နေကြပါပြီ။ ၅၁ ယောက်ထက်မနည်း သေဆုံးပြီး ထောင်နဲ့ချီကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သတင်းရရှိပါတယ်။

မာဒါဂတ်စကာ ဌာနခွဲရုံးရဲ့ အစောပိုင်း သတင်းအရ မုန်တိုင်းကြောင့် ညီအစ်ကို/မ တစ်ယောက်မှ အသက်မဆုံးရှုံးခဲ့ပါဘူး။ ဒါပေမဲ့၊ ဝတ်ပြုစည်းဝေးရာခန်းမ ၆ လုံးအပါအဝင် နေအိမ် ၄၅ လုံး ပျက်စီးသွားတယ်။ နိုင်ငံအတွင်းက ကြေညာသူများစွာရဲ့ အသက်မွေးလုပ်ငန်းဖြစ်တဲ့ ကောက်ပဲသီးနှံတွေလည်း ပျက်စီးသွားတယ်။ ဘေးသင့်တဲ့ ကြေညာသူတွေ အရေးပေါ်လိုအပ်နေတဲ့ အစားအစာ၊ အဝတ်အထည်နဲ့ ယာယီတဲတွေ ထောက်ပံ့ပေးဖို့ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီတစ်ခုကို ဖွဲ့စည်းထားပါပြီ။ ဌာနခွဲရုံးက ညီအစ်ကိုနှစ်ယောက်ဟာ ဘေးသင့်တဲ့ဒေသကိုသွားပြီး ညီအစ်ကို/မ မိသားစုအားလုံးနဲ့ အထူးအစည်းအဝေးတစ်ခု ကျင်းပပေးတယ်၊ ကျမ်းစာနဲ့ နှစ်သိမ့်အားပေးကြတယ်။

အုပ်ချုပ်ရေးအဖွဲ့က ကမ္ဘာချီ အမှုဆောင်လုပ်ငန်းအတွက် လှူဒါန်းထားတဲ့ အလှူငွေတွေကို အသုံးပြုပြီး သဘာဝဘေး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပံ့ပိုးပေးနေပါတယ်။ ဒီလိုအချိန်မှာ မာဒါဂတ်စကာမှာရှိတဲ့ ညီအစ်ကို/မတွေအတွက် ယေဟောဝါဟာ လုံခြုံတဲ့ခိုလှုံရာ ဆက်ဖြစ်နေစေဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။—ဆာလံ ၉:၉၊ ၁၀

Media Contacts:

International: David A. Semonian, Office of Public Information, +1-845-524-3000

Madagascar: Rinera Rakotomalala, +261-33-37-012-91