မာတိကာဆီ ကျော်သွား

နိုဝင်ဘာ ၂၊ ၂၀၁၈
မိုက်ခရိုနီးရှား

မြောက်ပိုင်း မာရီယာနာကျွန်းတွေမှာ ယူတူမုန်တိုင်းကြီး တိုက်ခတ်လို့ ပျက်စီးမှုများ

မြောက်ပိုင်း မာရီယာနာကျွန်းတွေမှာ ယူတူမုန်တိုင်းကြီး တိုက်ခတ်လို့ ပျက်စီးမှုများ

မြောက်ပိုင်း မာရီယာနာကျွန်းတွေမှာ ၂၀၁၈၊ အောက်တိုဘာ ၂၄ ရက်နေ့တုန်းက အဆင့် ၅ ရှိတဲ့ ယူတူ မုန်တိုင်းကြီး တိုက်ခတ်ခဲ့တယ်။ အကြီးဆုံးကျွန်းတွေဖြစ်တဲ့ ဆိုက်ပန်ကျွန်းနဲ့ တီနီယံကျွန်းတွေမှာ တစ်နာရီ ၁၇၄ မိုင် (၂၈၀ ကီလိုမီတာ) နှုန်း တိုက်ခတ်ခဲ့တာကြောင့် အိမ်တွေ ပျက်စီးကာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပါတယ်။

ညီအစ်ကို/မ တစ်ယောက်မှ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း မရှိကြောင်း မြောက်ပိုင်း မာရီယာနာကျွန်းတွေမှာ လုပ်ငန်းကို ကြီးကြပ်ပေးနေတဲ့ မိုက်ခရိုနီးရှား ဌာနခွဲရုံးက သတင်းပေးပို့ပါတယ်။ ဒါပေမဲ့ ယေဟောဝါသက်သေ ၁၅ ယောက်ရဲ့ အိမ်တွေ လုံးလုံး ပျက်စီးသွားတယ်။ အိမ်အလုံး ၄၀ လည်း ထိခိုက်ပျက်စီးမှု ရှိတယ်။ ဆိုက်ပန်ကျွန်းက သာသနာပြုအိမ်၊ ဆိုက်ပန်နဲ့ တီနီယံကျွန်းတွေက ဝတ်ပြုရာခန်းမတွေ အနည်းငယ် ထိခိုက်ပျက်စီးခဲ့တယ်။

သဘာဝဘေးကယ်ဆယ်ရေး ကော်မတီက မုန်တိုင်းဘေးသင့်သူတွေကို ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ပေးဖို့ စီစဉ်နေပါတယ်။ မုန်တိုင်းကြောင့် အိုးအိမ်စွန့်ခွာတဲ့ ကြေညာသူတွေကို ဒေသခံ ယေဟောဝါသက်သေတွေက စောင့်ရှောက်ပေးနေကြပါတယ်။ ကျမ်းစာနဲ့ အားပေးနှစ်သိမ့်ဖို့ မုန်တိုင်းဘေးသင့်ဒေသကို ဌာနခွဲကော်မတီဝင်တစ်ဦး သွားပါမယ်။

ညီအစ်ကို/မတွေ သဘာဝဘေးကို ရင်ဆိုင်ကျော်လွှားနိုင်စေဖို့ ကျွန်တော်တို့ ဆုတောင်းပေးနေကြပါတယ်။ ‘ယေဟောဝါဟာ ဆုတောင်းတဲ့သူတိုင်းရဲ့ အနီးအပါးမှာ ရှိတယ်၊’ “အော်ဟစ်အကူအညီ တောင်းတဲ့အခါ နားထောင်” တယ်ဆိုတာ သိထားတဲ့အတွက် နှစ်သိမ့်မှု ခံစားရပါတယ်။—ဆာလံ ၁၄၅:၁၈၊ ၁၉