၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၆ ရက်
မိုဇမ်ဘစ်
ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ဆီနာစကားနဲ့ ထုတ်ဝေ
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂ ရက်မှာ မိုဇမ်ဘစ်ဌာနခွဲကော်မတီဝင် ညီအစ်ကို ဒေးဗစ် အမိုရမ်က ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ဆီနာစကားနဲ့ ထုတ်ဝေခဲ့တယ်။ a ကြိုတင်ရိုက်ကူးထားတဲ့ အစီအစဉ်အတွင်း ကျမ်းစာကို ထုတ်ဝေခဲ့တာဖြစ်ပြီး ကြေညာသူများစွာက ဒေသခံနိုင်ငံတော်ခန်းမမှာ ကြည့်ရှုခဲ့တယ်။ အစီအစဉ်ကို အစိုးရရုပ်သံလိုင်းတစ်ခုနဲ့ ရေဒီယိုလိုင်း ၁၄ ခုမှာလည်း ထုတ်လွှင့်ခဲ့တယ်။
မိုဇမ်ဘစ်နိုင်ငံက ပြည်နယ်လေးခုဖြစ်တဲ့ မနီကာ၊ ဆိုဖာလာ၊ တီတီနဲ့ ဇမ်ဘီဇီယာမှာ ဆီနာစကားကို ပြောဆိုကြတယ်။ မာလာဝီနိုင်ငံက ဒေသတချို့မှာလည်း ပြောဆိုကြတယ်။
ဒီကျမ်းစာက ဦးဆုံးအကြိမ်အဖြစ် မိုဇမ်ဘစ် ဒေသခံဘာသာစကားနဲ့ ယေဟောဝါသက်သေတွေ ထုတ်ဝေခဲ့တဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း အပြည့်အစုံ ဖြစ်တယ်။ ဒီကျမ်းစာကို မထုတ်ဝေခင်တုန်းက ဆီနာစကားနဲ့ ကျမ်းစောင်တချို့ ရနိုင်ပေမဲ့ စျေးကြီးတဲ့အပြင် အသုံးအနှုန်းတွေက ရှေးဆန်နေတယ်။
ဆီနာစကားပြော ညီအစ်ကို၊ ညီအစ်မတွေ ယေဟောဝါဘုရားဆီက ဒီအထူးလက်ဆောင်မွန် ရရှိကြလို့ ကျွန်တော်တို့ ဝမ်းသာမိပါတယ်။—ပညာအလိမ္မာ ၁၀:၂၂။
a ကျမ်းစာကို ဒီဂျစ်တယ်ပုံစံ၊ ပုံနှိပ်စာအုပ်ပုံစံ နှစ်မျိုးလုံးနဲ့ ဖတ်နိုင်ပါတယ်။