မာတိကာဆီ ကျော်သွား

၂၀၂၃ ခုနှစ်၊ မတ် ၉ ရက်
မိုဇမ်ဘစ်

ခရစ်ယာန်ဂရိကျမ်းစာကို ရွန်ဂါဘာသာစကားနဲ့ ထုတ်ဝေ

ခရစ်ယာန်ဂရိကျမ်းစာကို ရွန်ဂါဘာသာစကားနဲ့ ထုတ်ဝေ

၂၀၂၃ ခုနှစ်၊ မတ် ၅ ရက်တုန်းက မိုဇမ်ဘစ်နိုင်ငံ၊ မာပူတိုမြို့၊ ဇင်ပီတိုအမျိုးသား အားကစားကွင်းမှာ ကျင်းပတဲ့ အထူးအစည်းအဝေးမှာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ခရစ်ယာန်ဂရိကျမ်းစာကို ရွန်ဂါဘာသာစကားနဲ့ ထုတ်ဝေလိုက်ပါတယ်။ မိုဇမ်ဘစ်ဌာနခွဲ ကော်မတီဝင် ညီအစ်ကို ကက်စထရို ဆယ်ဗာဒိုက ပရိသတ် ၃,၁၅၀ ရှေ့မှာ ကျမ်းစာကို ထုတ်ဝေခဲ့တယ်။ ဒါက ကိုဗစ်-၁၉ ကပ်ရောဂါစပြီးနောက်ပိုင်း မိုဇမ်ဘစ်မှာ ပထမဆုံးအကြိမ် လူကိုယ်တိုင်တက်ရောက်တဲ့အစီအစဉ်မှာ ပြုလုပ်တဲ့ ကျမ်းစာထုတ်ဝေမှု ဖြစ်ပါတယ်။ အစည်းအဝေး တက်ရောက်သူတွေ ကျမ်းစာအုပ် ရရှိကြတယ်။

ရွန်ဂါဘာသာစကားက လူပေါင်း ၆၁၈,၀၀၀ ရဲ့မိခင်ဘာသာစကားဖြစ်ပြီး မိုဇမ်ဘစ်နိုင်ငံ မာပူတိုပြည်နယ်တစ်ဝန်းမှာ ပြောဆိုကြတယ်။ ရွန်ဂါဘာသာစကားနဲ့ ဘာသာပြန်ကျမ်းတွေ ရှိပေမဲ့ ဘာသာပြန်ကျမ်းတချို့မှာ စာဖတ်သူအများစု နားမလည်တော့တဲ့ စာလုံးပေါင်းတွေ၊ အသံထွက်အမှတ်အသားတွေ ပါတယ်။

ထုတ်ဝေလိုက်တဲ့ ကျမ်းစာနဲ့ပတ်သက်ပြီး ဘာသာပြန်တစ်ယောက် ဒီလိုပြောတယ်– “ဒီကျမ်းစာထုတ်ဝေပေးလို့ သိပ်ကျေးဇူးတင်တယ်။ ရိုးရှင်းပြီး ဖတ်ရလွယ်တဲ့ ကျမ်းစာရလို့ ညီအစ်ကို/မတွေ သိပ်ပျော်ကြမယ်။ ဒီကျမ်းစာကြောင့် စိတ်နှလုံးကို တိုက်ရိုက်ထိစေတဲ့ ယေဟောဝါရဲ့စကားကို ကြားရတော့မယ်။”

ဒီကျမ်းစာထုတ်ဝေလိုက်လို့ ညီအစ်ကိုတွေနဲ့အတူ ကျွန်တော်တို့ ဝမ်းမြောက်ပါတယ်။ ရွန်ဂါဘာသာစကားပြော လယ်ကွင်းကို ယေဟောဝါ ဆက်ကောင်းချီးပေးဖို့ ဆုတောင်းပေးပါတယ်။—ရောမ ၁၂:၁၅