မာတိကာဆီ ကျော်သွား

အပေါ်ဆုံးကနေ နာရီလက်တံလှည့်- ချီပန်ဂါရာက ပျက်စီးနေတဲ့ နိုင်ငံတော်ခန်းမ။ မူဇွန်ဂူးက ပျက်စီးနေတဲ့ နိုင်ငံတော်ခန်းမ။ ဆိုဖာလာပြည်နယ်မှာ ရေကြီးနေစဉ်

၂၀၂၁၊ ဖေဖော်ဝါရီ ၉
မိုဇမ်ဘစ်

ဆိုင်ကလုန်း အီလွိုက်စ်ကြောင့် မိုဇမ်ဘစ်မှာ ထိခိုက်ပျက်စီးမှုများ

ဆိုင်ကလုန်း အီလွိုက်စ်ကြောင့် မိုဇမ်ဘစ်မှာ ထိခိုက်ပျက်စီးမှုများ

နေရာ

ဂါဇာ၊ အင်ဟန်ဘာနေ၊ မနီကာ၊ ဆိုဖာလာနဲ့ ဇမ်ဘီဇီယာ ပြည်နယ်များ

သဘာဝဘေး

  • ၂၀၂၁၊ ဇန်နဝါရီ ၂၃ မှာ မုန်တိုင်းနဲ့ မိုးသည်းထန်မှုကြောင့် မိုဇမ်ဘစ်နိုင်ငံ ပြည်နယ် ငါးခုမှာ အကြီးအကျယ် ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်

ညီအစ်ကို ညီအစ်မတွေရဲ့ အခြေအနေ

  • ကြေညာသူ ၃ ယောက် ထိခိုက်ဒဏ်ရာရ

  • ကြေညာသူ ၁၃ ယောက် ပြောင်းရွှေ့ခဲ့ရ

ပစ္စည်းဥစ္စာဆုံးရှုံးမှု

  • နိုင်ငံတော်ခန်းမ ၉ လုံး ပျက်စီးမှု အနည်းငယ်ရှိ

  • နိုင်ငံတော်ခန်းမ ၉ လုံး အတော်လေး ပျက်စီးခဲ့

  • နိုင်ငံတော်ခန်းမ ၃ လုံး လုံးဝ ပျက်စီး

  • အိမ် ၅၃ လုံး ပျက်စီးမှု အနည်းငယ်ရှိ

  • အိမ် ၄၁ လုံး အတော်လေး ပျက်စီး

  • အိမ် ၁၀ လုံး လုံးဝ ပျက်စီး

ကယ်ဆယ်ရေး လုပ်ဆောင်မှု

  • မိုဇမ်ဘစ် ဌာနခွဲက ဆိုင်ကလုန်းမုန်တိုင်း ကျရောက်နိုင်တဲ့ ဒေသက ကြေညာသူတွေကို ဘေးကင်းတဲ့နေရာဆီ ပြောင်းရွှေ့ဖို့ အသိပေးခဲ့တယ်

  • ဌာနခွဲက လိုအပ်တဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဖို့၊ ပြောင်းရွှေ့ရသူတွေအတွက် ယာယီခိုလှုံဖို့ နေရာတွေ လုပ်ပေးဖို့အတွက် သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ လေးခု ဖွဲ့တယ်

  • ဘေးသင့်ဒေသက တိုက်နယ် ကြီးကြပ်မှူးတွေဟာ ကြေညာသူတွေ လိုအပ်တဲ့ အကူအညီနဲ့ ကျမ်းစာကနေ နှစ်သိမ့်အားပေးကြတယ်

  • ကယ်ဆယ်ရေး လုပ်ငန်းတွေ အားလုံးကို ကိုဗစ် ၁၉ ဘေးကင်းရေး လမ်းညွှန်ချက်နဲ့အညီ လုပ်ဆောင်ကြတယ်

ဘုရားနိုင်ငံတော်က သဘာဝဘေးတွေကို အဆုံးသတ်ပေးမဲ့ အချိန်ကို ကျွန်တော်တို့ စောင့်မျှော်နေကြပါတယ်။—မဿဲ ၆:၁၀