မာတိကာဆီ ကျော်သွား

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၈ ရက်
မိုဇမ်ဘစ်

ဖင်းဘီ ဘာသာစကားနဲ့ မဿဲကျမ်းကို ထုတ်ဝေ

ဖင်းဘီ ဘာသာစကားနဲ့ မဿဲကျမ်းကို ထုတ်ဝေ

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၃ ရက်မှာ မိုဇမ်ဘစ်ဌာနခွဲ ကော်မတီဝင် ညီအစ်ကို ချားလ် ဖွန်စေးကာက ဖင်းဘီ ဘာသာစကားနဲ့ မဿဲကျမ်း ကို ထုတ်ဝေလိုက်ပြီ ဖြစ်ကြောင်း ကြေညာတယ်။ ဒါဟာ ဖင်းဘီစကားနဲ့ ဦးဆုံးထုတ်ဝေတဲ့ ကျမ်းစောင်ပါ။ ဖင်ဂိုဆိုတဲ့ ရွာလေးမှာ ကျင်းပတဲ့ “စိတ်ရှည်ကြပါ” ၂၀၂၃ ခရိုင်အစည်းအဝေးအတွင်း ထုတ်ဝေခဲ့တာပါ။ အစည်းအဝေးကို ၃,၀၅၅ ယောက် တက်ရောက်ပြီး တက်ရောက်သူတိုင်း ပုံနှိပ်ကျမ်းစာ ရကြတယ်။ အီလက်ထရောနစ်ပုံစံနဲ့လည်း ကူးယူနိုင်ကြတယ်။

မိုဇမ်ဘစ်နိုင်ငံ အနောက်ပိုင်း (ဇမ်ဘီယာ နယ်စပ်နား) က တီတီဆိုတဲ့ ပြည်နယ်မှာ ဖင်းဘီစကားကို အပြောများတယ်။ ဖင်းဘီစကားပြောသူ ၁၀၀,၀၀၀ ကျော်လောက် ရှိတယ်။ မိုဇမ်ဘစ်မှာ ဖင်းဘီစကားပြော အသင်းတော် ၂၀၊ အုပ်စု ၂ စု ရှိပြီး ကြေညာသူ ၈၉၇ ယောက် ရှိတယ်။ “ဖင်းဘီစကားပြော ညီအစ်ကို/မတွေ မဿဲကျမ်းကို ရသွားလို့ ကျွန်တော်တို့ သိပ်ပီတိဖြစ်ရတယ်” လို့ မိုဇမ်ဘစ်ဌာနခွဲ ကိုယ်စားလှယ်တစ်ယောက် ပြောတယ်။

ဖင်းဘီစကားပြော ညီအစ်ကို/မတွေနဲ့ ကျွန်တော်တို့ ထပ်တူ ဝမ်းသာပါတယ်။ “နူးညံ့သိမ်မွေ့သူတွေ” အတွက် အနာဂတ်ကတိတွေ ယေရှု ပြည့်စုံအောင် လုပ်ပေးမယ်ဆိုတာ ဒီလက်ဆောင်မွန်က သက်သေပါပဲ။—မဿဲ ၅:၅