၂၀၂၁၊ ဇန်နဝါရီ ၁၃
မိုဇမ်ဘစ်
မိုဇမ်ဘစ်ကို အပူပိုင်း မုန်တိုင်း ချာလင်း ဝင်ရောက် တိုက်ခတ်
နေရာ
မိုဇမ်ဘစ်နိုင်ငံ အလယ်ပိုင်း ဆိုဖာလာနဲ့ မာနီကာ ပြည်နယ်တွေ အပါအဝင် ၂၀၁၉ မတ်လတုန်းက ဆိုင်ကလုန်းမုန်တိုင်း အီဒိုင်း တိုက်ခတ်တာ ခံခဲ့ရတဲ့ ဒေသတွေ ပါဝင်တယ်
သဘာဝဘေး
အပူပိုင်း မုန်တိုင်း ချာလင်းဟာ မိုဇမ်ဘစ်နိုင်ငံ ကမ်းရိုးတန်းကို ၂၀၂၀၊ ဒီဇင်ဘာ ၃၀ မှာ ဝင်ရောက် တိုက်ခတ်ပြီး ရေကြီး၊ မြေပြိုမှုတွေကြောင့် အပျက်အစီး များခဲ့တယ်
ညီအစ်ကို ညီအစ်မတွေရဲ့ အခြေအနေ
ကြေညာသူ သုံးယောက် အနည်းငယ် ထိခိုက်ဒဏ်ရာရခဲ့
ပစ္စည်းဥစ္စာ ဆုံးရှုံးမှု
အိမ် ၃၄ လုံး ပျက်စီးမှု အနည်းငယ်ရှိ
အိမ် ၁၂ လုံး အတော်လေး ပျက်စီးခဲ့
အိမ် ၁၆ လုံး လုံးဝ ပျက်စီး
နိုင်ငံတော်ခန်းမ ၇ လုံး ပျက်စီးမှု အနည်းငယ်ရှိ
နိုင်ငံတော်ခန်းမ ၄ လုံး အတော်လေး ပျက်စီးခဲ့
နိုင်ငံတော်ခန်းမ ၁ လုံး လုံးဝ ပျက်စီးခဲ့
ကယ်ဆယ်ရေး လုပ်ဆောင်မှု
ကယ်ဆယ်ရေး လုပ်ငန်း လုပ်ဖို့ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ ဖွဲ့စည်းခဲ့ပြီး နေအိမ် ပျက်စီးသွားတဲ့ ကြေညာသူတွေအတွက် ယာယီ အမိုးအကာတွေ ထောက်ပံ့ခဲ့တယ်။ ဒီကယ်ဆယ်ရေး လုပ်ငန်းတွေကို ကိုဗစ် ၁၉ ဘေးကင်းရေး လမ်းညွှန်ချက်နဲ့အညီ လုပ်ဆောင်ကြတယ်
ဒီမုန်တိုင်းဒဏ် ကြုံရတဲ့ ကျွန်တော်တို့ရဲ့ ညီအစ်ကို ညီအစ်မတွေကို ဆက်ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းပေးပါတယ်။—ဆာလံ ၁၂၁:၂။