မာတိကာဆီ ကျော်သွား

မေ ၂၈၊ ၂၀၁၉
မိုဇမ်ဘစ်

မိုဇမ်ဘစ်နိုင်ငံမြောက်ပိုင်းမှာ ကဲနက်မုန်တိုင်း တိုက်ခတ်

မိုဇမ်ဘစ်နိုင်ငံမြောက်ပိုင်းမှာ ကဲနက်မုန်တိုင်း တိုက်ခတ်

မိုဇမ်ဘစ်နိုင်ငံ မြောက်ပိုင်းမှာ ၂၀၁၉၊ ဧပြီ ၂၅ ရက်နေ့တုန်းက ကဲနက်မုန်တိုင်း တိုက်ခတ်ခဲ့ပါတယ်။ မတ်လတုန်းက အီဒိုင်မုန်တိုင်းကြောင့် အကြီးအကျယ် ထိခိုက်ပြီး ဒုတိယအကြိမ် တိုက်ခတ်တာပါ။ ဒီနောက်ဆုံး မုန်တိုင်းကြောင့် ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေ ဖြစ်ပြီး လမ်းတွေ၊ အိမ်တွေ ပျက်စီးစေတဲ့အပြင် အခက်အခဲတွေ ထပ်တိုးစေပါတယ်။

ကာဘို ဒယ်လဂါဒိုဒေသမှာ ကြေညာသူ ၃၀၀ လောက် နေထိုင်ကြပေမဲ့ မုန်တိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူ တစ်ယောက်မှ မရှိပါဘူး။ ညီအစ်ကိုတွေရဲ့ အိမ် ၉ လုံး ပျက်စီးဆုံးရှုံးပြီး ၁၆ လုံး ထိခိုက်သွားပါတယ်။ ဝတ်ပြုစည်းဝေးရာခန်းမ တစ်လုံး ပျက်စီးဆုံးရှုံးပြီး သုံးလုံး ထိခိုက်သွားပါတယ်။ ဒေသခံ တိုက်နယ် ကြီးကြပ်မှူး၊ ဒေသဆိုင်ရာ ဒီဇိုင်း/ဆောက်လုပ်ရေး ကိုယ်စားလှယ်၊ ဘာသာပြန်ရုံးခွဲက ညီအစ်ကိုနှစ်ဦးတို့ဟာ ဘေးသင့်ဒေသရှိ အသင်းတော်အားလုံးဆီ လည်ပတ်ကြည့်ရှုနိုင်တဲ့အပြင် လိုအပ်တဲ့အကူအညီ ပေးခဲ့ကြပါတယ်။

ယေဟောဝါဘုရားကို မျှော်ကိုးနေတဲ့ ညီအစ်ကိုတွေအတွက် ကျွန်တော်တို့ ဆုတောင်းပြီး “ဒုက္ခရောက်ချိန်မှာ ကူညီပေးဖို့၊” ခွန်အားရှိစေဖို့ ယေဟောဝါကို မျှော်ကိုးနေကြပါတယ်။—ဆာလံ ၄၆:၁