မာတိကာဆီ ကျော်သွား

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃ ရက်
မိုဇမ်ဘစ်

မဿဲကျမ်းကို မိုဇမ်ဘစ် လက်သင်္ကေတပြဘာသာစကားနဲ့ ထုတ်ဝေ

မဿဲကျမ်းကို မိုဇမ်ဘစ် လက်သင်္ကေတပြဘာသာစကားနဲ့ ထုတ်ဝေ

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၉ ရက်၊ မိုဇမ်ဘစ်နိုင်ငံ၊ မာပူတိုမြို့မှာကျင်းပတဲ့ အထူးအစည်းအဝေးမှာ မဿဲကျမ်းကို မိုဇမ်ဘစ် လက်သင်္ကေတပြစကားနဲ့ ထုတ်ဝေခဲ့တယ်။ မိုဇမ်ဘစ်ဌာနခွဲကော်မတီဝင် ညီအစ်ကို ကက်စ်ထရို ဆာဗာဒိုက ထုတ်ဝေခဲ့တာဖြစ်ပြီး ဗီဒီယို ချိတ်ဆက်ကြည့်ရှုသူတွေအပါအဝင် ပရိသတ် ၈၇၅ ယောက် တက်ရောက်ခဲ့တယ်။ ဘာသာပြန်ကျမ်းကို အခု JW Library Sign Language app နဲ့ jw.org မှာ ကူးယူနိုင်ပါပြီ။

မိုဇမ်ဘစ်က နားမကြားတဲ့ ယေဟောဝါသက်သေတွေအတွက် စာပေစာတမ်းတွေ ထုတ်ဝေပေးနိုင်ဖို့ ၂၀၁၇ ခုနှစ်မှာ မိုဇမ်ဘစ် လက်သင်္ကေတပြ ဘာသာပြန်အဖွဲ့ကို မာပူတိုမြို့ ဌာနခွဲရုံးမှာ ဖွဲ့စည်းခဲ့တယ်။ လောလောဆယ် လက်သင်္ကေတပြ အသင်းတော် ၅ ခု၊ အုပ်စု ၁၂ ခုနဲ့ အကြိုအုပ်စု ၁၀ ခုမှာ ကြေညာသူ ၃၄၄ ယောက် အမှုဆောင်နေတယ်။

ဒီကျမ်းစောင်က မိုဇမ်ဘစ် လက်သင်္ကေတပြစကားနဲ့ ဦးဆုံးထုတ်ဝေတဲ့ ကျမ်းစောင်ပါ။ ဘာသာပြန်တစ်ယောက် အခုလိုဆိုတယ်– “မိုဇမ်ဘစ် လက်သင်္ကေတပြစကား သုံးတဲ့သူတွေက စံပြဆုတောင်းချက်ကို သူတို့ရဲ့ဘာသာစကားနဲ့ တစ်ခါမှ မတွေ့ဖူးကြဘူး။ ဒါကြောင့် မဿဲ ၆:၉-၁၃ ကိုသုံးပြီး ဆုတောင်းချက်ရဲ့အရေးကြီးပုံအကြောင်း ကျမ်းစာသင်သားတွေ ပိုသဘောပေါက်အောင် ရှင်းပြပေးဖို့ မျှော်နေပါတယ်။”

ဒီဘာသာပြန်ကျမ်းစောင်ကို သုံးပြီး မိုဇမ်ဘစ်နိုင်ငံက စိတ်ရိုးဖြောင့်သူတွေ “ဘုရားသခင်ရဲ့ ဗျာဒိတ်တော်တွေ” အကြောင်း သင်ယူနိုင်ပြီဆိုတာ ကြားသိရလို့ ကျွန်တော်တို့ ဝမ်းသာပါတယ်။—ရောမ ၃:၂