မာတိကာဆီ ကျော်သွား

နိုဝင်ဘာ ၁၈၊ ၂၀၁၉
မြောက်မက်ဆီဒိုးနီးယား

အထူးဟောပြောခြင်းကင်ပိန်းမှာ ပါဝင်ဖို့ ‘မက်ဆီဒိုးနီးယားပြည်ကို ကူးလာကြ’

အထူးဟောပြောခြင်းကင်ပိန်းမှာ ပါဝင်ဖို့ ‘မက်ဆီဒိုးနီးယားပြည်ကို ကူးလာကြ’

မြောက်မက်ဆီဒိုးနီးယား ဌာနခွဲနယ်မြေအတွင်းမှာရှိတဲ့ မက်ဆီဒိုးနီးယားဘာသာစကား ဒါမှမဟုတ် အယ်လ်ဘေးနီးယား ဘာသာစကားပြောသူတွေကို ကျမ်းစာသတင်းစကား ဝေမျှဖို့ ၂၀၁၉၊ ဩဂုတ် ၁ ရက်ကနေ အောက်တိုဘာ ၃၁ ရက်နေ့အထိ အထူး ဟောပြောခြင်းကင်ပိန်း တစ်ခုကို ဌာနခွဲရုံးက စီစဉ်ခဲ့တယ်။

မြောက်မက်ဆီဒိုးနီးယားမှာ မက်ဆီဒိုနီးယားစကားပြောသူ ၁.၃ သန်းကျော်၊ အယ်လ်ဘေးနီးယားစကားပြောသူ ငါးသိန်းကျော် ရှိတယ်။ ဒါပေမဲ့ ဒီနိုင်ငံမှာရှိတဲ့ ကြေညာသူ ၁,၃၀၀ ထဲက ကြေညာသူ ၁,၀၀၀ လောက်ဟာ မက်ဆီဒိုးနီးယား ဘာသာစကားပြော လယ်ကွင်းမှာ၊ ကြေညာသူ ၂၀ လောက်က အယ်လ်ဘေးနီးယား စကားပြောလယ်ကွင်းမှာ အမှုဆောင်နေကြတယ်။ နိုင်ငံခုနစ်နိုင်ငံဖြစ်တဲ့ အယ်လ်ဘေးနီးယား၊ ဩစတြီးယား၊ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ အီတလီ၊ ဆွီဒင်၊ ဆွစ်ဇာလန်နိုင်ငံက စေတနာ့ဝန်ထမ်း ၄၇၆ ယောက်ဟာ ဒေသခံကြေညာသူတွေကို အကူအညီပေးဖို့ မြောက်မက်ဆီဒိုးနီးယားကို ရောက်လာကြတယ်။

လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက ဆိတ်ကျောင်းသမားရခဲ့တဲ့ မက်ဆီဒိုးနီးယားဘာသာစကားနဲ့ သမ္မာကျမ်းစာ သွန်သင်ရာ စာအုပ်

ကင်ပိန်းအတွင်းမှာ ညီအစ်ကိုတစ်ယောက်ဟာ လမ်းပေါ်မှာ ဆိတ်ကျောင်းသမားတစ်ယောက်နဲ့ ဆုံတယ်။ ဆိတ်ကျောင်းသမားက မိမိနဲ့ စကားပြောနေတဲ့သူဟာ ယေဟောဝါသက်သေတစ်ယောက်ဖြစ်မှန်း သိတဲ့အခါ အိတ်ထဲက သမ္မာကျမ်းစာ သွန်သင်ရာ စာအုပ်ကို ထုတ်ပြတယ်။ လွန်ခဲ့တဲ့ဆယ်နှစ် အထူးဟောပြောခြင်းကင်ပိန်းအတွင်း အီတလီက ယေဟောဝါသက်သေတွေ ပေးခဲ့တာလို့ ပြောပြတယ်။ သမ္မာကျမ်းစာ သွန်သင်ရာ စာအုပ်ကို နေ့တိုင်းဖတ်တဲ့အတွက် တချို့အခန်းတွေကိုတောင် အလွတ်ရနေပြီလို့ ပြောတယ်။ ညီအစ်ကိုတွေက ပြန်လည်ပတ်ဖို့ စီစဉ်ကြတယ်။

မက်ဆီဒိုးနီးယားစကား၊ အယ်လ်ဘေးနီးယားစကားပြောတဲ့ ညီအစ်ကို၊ ညီအစ်မများစွာရဲ့ အကူအညီပေးမှုကို ကြည့်ပြီး “မက်ဆီဒိုးနီးယားပြည်ကို ကူးလာ” ဖို့ ပေါလု လိုလိုလားလား လက်ခံခဲ့တာကို ပြန်အမှတ်ရစေပါတယ်။—တမန်တော် ၁၆:၉