မာတိကာဆီ ကျော်သွား

ဗုံးကြဲနေစဉ် ပုန်းရှောင်နေတဲ့ ယူကရိန်း၊ ခါကိဗ်မြို့က ညီအစ်ကို/မတွေ

၂၀၂၂၊ မတ် ၃
ယူကရိန်း

ယူကရိန်းနိုင်ငံ အရေးအခင်းကာလမှာ ညီအစ်ကို၊ ညီအစ်မတွေ မေတ္တာဆက်ပြနေကြ

ယူကရိန်းနိုင်ငံ အရေးအခင်းကာလမှာ ညီအစ်ကို၊ ညီအစ်မတွေ မေတ္တာဆက်ပြနေကြ

၂၀၂၂၊ ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားက ယူကရိန်းကို ဝင်ရောက်ကျူးကျော်ခဲ့တယ်။ ယူကရိန်းမှာ ယေဟောဝါသက်သေ ၁၂၉,၀၀၀ ကျော် ရှိပြီး သူတို့မှာ သားသမီးတွေလည်း ရှိကြတယ်။ ယုံကြည်သူချင်းတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးဖို့ ဌာနခွဲရုံးက သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ (DRCs) ၂၇ ခု ဖွဲ့စည်းခဲ့တယ်။ အဲဒီအပြင် ညီအစ်ကို/မတွေဟာ အချင်းချင်းနဲ့ တခြားသူတွေကိုပါ ခရစ်ယာန်မေတ္တာ ပြတယ်။ လက်တွေ့ကျ အကူအညီတွေ ပေးပြီး နှစ်သိမ့်ပေးကြတယ်။

ညီအစ်ကို/မ အများစုက ယူကရိန်းမှာပဲ ဆက်နေကြပေမဲ့ တချို့က တခြားနိုင်ငံကို ထွက်ခွာဖို့ ဆုံးဖြတ်ကြတယ်။ ထွက်ခွာသူတွေက အကောက်ခွန်ဂိတ်တွေကို ဖြတ်ဖို့ ၁၈ မိုင် (ကီလိုမီတာ ၃၀) ရှည်တဲ့ ယာဉ်တန်းတွေမှာ သုံးလေးရက်အထိ တန်းစီစောင့်ကြရတယ်။ အဲဒီလို တန်းစီစောင့်နေကြရတဲ့ ယုံကြည်သူချင်းတွေကို ဒေသခံ ကြေညာသူတွေက လာရှာပြီး အစာရေစာနဲ့ တခြားအကူအညီတွေ ပေးကြတယ်။ အိမ်နီးချင်းနိုင်ငံထဲ ဝင်ခွင့်ရတာနဲ့ jw.org ဆိုင်းဘုတ်တွေ ကိုင်ထားတဲ့ သက်သေခံတွေက ကြိုဆိုပြီး နှစ်သိမ့်ပေးကြတယ်၊ လိုအပ်သလို ကူညီပေးနေကြတယ်။

ယူကရိန်းကနေ ထွက်ပြေးလာတဲ့ ညီအစ်ကို/မတွေကို ကူညီပေးဖို့ အသင့်စောင့်နေတဲ့ ပိုလန်က (ယာဘက်) နဲ့ ဆလိုဗက်ကီးယားက (ဘယ်ဘက်) ညီအစ်မတွေ

ညီအစ်ကို/မတွေရဲ့ အခြေအနေ

  • ခါကိဗ်ကို ဗုံးကြဲချိန်မှာ သေဆုံးသွားတဲ့ အသင်းတော် အမှုထမ်း နားမကြား ညီအစ်ကို ပီထရို မိုဇာလ်

    ဝမ်းနည်းစရာက ၂၀၂၂၊ မတ်လ ၁၊ ခါကိဗ်မြို့မှာ ဗုံးပေါက်တဲ့အခါ နားမကြား ညီအစ်ကိုတစ်ဦး သေဆုံးပြီး သူ့ဇနီးက အပြင်းအထန် ထိခိုက်ဒဏ်ရာရ

  • တခြားညီအစ်မ ၃ ဦးလည်း ထိခိုက်ဒဏ်ရာရ

  • ကြေညာသူ ၅,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးရ

  • အိမ် ၂ လုံး လုံးဝပျက်စီးသွား

  • အိမ် ၃ လုံး အတော်လေး ပျက်စီး

  • အိမ် ၃၅ လုံး အနည်းငယ် ပျက်စီး

  • ဝတ်ပြုရာခန်းမ ၂ လုံး ပျက်စီး

  • ကြေညာသူ အတော်များများ လျှပ်စစ်မီး ပြတ်တောက်၊ အနွေးဓာတ် မရ၊ ဖုန်းဆက်လို့ မရ၊ သောက်ရေ ပြတ်လပ်ကြ

ကယ်ဆယ်ရေးလုပ်ငန်း

  • ယူကရိန်းမှာ ကယ်ဆယ်ရေး ကော်မတီ ၂၇ ခု ဖွဲ့စည်းထား

  • ကယ်ဆယ်ရေး ကော်မတီတွေက ကြေညာသူ ၈၆၇ ဦးအတွက် လုံခြုံတဲ့ နေရာတွေမှာ နေစရာ စီစဉ်ပေး

  • ကယ်ဆယ်ရေး ကော်မတီတွေက အစာရေစာနဲ့ လိုအပ်ရာတွေကို ဖြည့်ဆည်းပေး

အထက်ပါ ကိန်းဂဏန်းတွေက ကနဦးသတင်းအရ ဖြစ်တယ်။

ဒီလို မရေရာ မသေချာတဲ့ အခြေအနေမျိုးမှာ အချင်းချင်း မေတ္တာပြရင်း ဉာဏ်ပညာနဲ့ သိနားလည်မှု ဆက်ရှိပါစေလို့ ဆုတောင်းပေးပါတယ်။—ပညာအလိမ္မာ ၉:၁၀။ ၁ သက်သာလောနိတ် ၄:၉