မာတိကာဆီ ကျော်သွား

ဇူလိုင် ၂၅၊ ၂၀၁၇
ယူကရိန်း

ယူကရိန်း​နိုင်ငံက ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံး ဖွင့်ပွဲ​ကို အစိုးရ​အရာရှိတွေ တက်ရောက်​ခဲ့

ယူကရိန်း​နိုင်ငံက ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံး ဖွင့်ပွဲ​ကို အစိုးရ​အရာရှိတွေ တက်ရောက်​ခဲ့

လ​ဗီဖ်၊ ယူကရိန်း​—မေ ၂၊ ၂၀၁၇ မှာ ယူကရိန်း​နိုင်ငံမှာ​ရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံး​က လူထု​အတွက် အထူး​ဖွင့်ပွဲ​တစ်ခု ပြုလုပ်ခဲ့​ပါတယ်။ အဲဒီ​တစ်ရက်တာ ပြပွဲ​အတွင်း ဌာနခွဲရဲ့ လုပ်ဆောင်မှုတွေကို ဒေသခံ​နဲ့ ပြည်နယ်​အစိုးရ အရာရှိတွေ၊ လေ့လာသူတွေ၊ လုပ်ငန်းရှင်​တွေ​နဲ့ အိမ်နီးချင်းတွေ လာရောက်​ကြည့်ရှုခဲ့​ကြပါတယ်။

ဖွင့်ပွဲ​မှာ ကလေးတွေ​အတွက် သီးသန့်​ပြကွက်​တွေ ပါတယ်။

အဲဒီ​ဖွင့်ပွဲ​အတွင်းမှာ ဌာနခွဲရုံး​က အထူး​အစီအစဉ်​အနေနဲ့ ဌာနခွဲ​လုပ်ဆောင်ပုံ ဗီဒီယို၊ သမိုင်း​ပြကွက်​နဲ့ ကလေးတွေ​အတွက် သီးသန့်​နေရာ​လေး​တစ်ခု ပြုလုပ်ပေး​ခဲ့တယ်။ ယူကရိန်း​နိုင်ငံက ယေဟောဝါသက်သေတွေရဲ့ ပြောရေးဆိုခွင့်​ရှိသူ အိုင်​ဗန် ရီ​ဟာ​က “၂၀၀၁ ခုနှစ်​က​စပြီး ဌာနခွဲရုံး​ကို ကျွန်တော်တို့ အသုံးပြုခဲ့ပေမဲ့ ဖွင့်ပွဲ​လုပ်တာ ဒါ​ပထမဆုံး​ပဲ။ ယူကရိန်း​မှာ တစ်အိမ်တက်ဆင်း ဟောပြောလို့ ကျွန်တော်တို့ကို လူသိ​များ​ပါတယ်။ ဌာနခွဲရုံး​ရဲ့ လုပ်ဆောင်မှုတွေ​နဲ့ လူထု​အကျိုးအတွက် ဘာတွေ​လုပ်ဆောင်​နေသလဲ​ဆိုတာ အိမ်နီးချင်းတွေ သိအောင် ပြ​ခွင့်​ရလို့ သိပ်​ဝမ်းသာတယ်။”

တက်ရောက်​သူတွေဟာ သမိုင်း​ပြခန်း​ကနေ ယူကရိန်း​နိုင်ငံက ယေဟောဝါသက်သေတွေရဲ့ သမိုင်းကြောင်းကို သိရှိ​လာကြတယ်။

သာသနာ​ရေး​နဲ့ တိုင်းရင်းသား​လူမျိုးရေး ဦးစီး​ဌာန​ရဲ့ ဒါရိုက်တာ အန်​ဒါ​ရီ ယူ​ရာ​ချ်။

ယူကရိန်း​နိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန​အောက်​ရှိ သာသနာ​ရေး​နဲ့ တိုင်းရင်းသား​လူမျိုးရေး ဦးစီး​ဌာန​ရဲ့ ဒါရိုက်တာ အန်​ဒါ​ရီ ယူ​ရာ​ချ်​က ဌာနခွဲရုံး​ရဲ့ လုပ်ဆောင်မှုတွေ​နဲ့ ပတ်သက်ပြီး ဒီလို​ပြောခဲ့တယ်– “လူမှု​အသိုင်းအဝိုင်းမှာ သူတို့ရဲ့​အသင်းသားတွေ​ဟာ တခြား​သူတွေနဲ့ ဘယ်လို ညီ​ညီညွတ်​ညွတ် နေထိုင်​ရမယ်ဆိုတာ ယေဟောဝါ​သက်သေ ဘာသာရေး​အဖွဲ့က အတုယူ​စ​ရာ ပုံသက်သေ​ပဲ။”

ဒီ​နှစ်​အတွင်းမှာပဲ ယေဟောဝါသက်သေတွေရဲ့ ကင်မရွန်း​နိုင်ငံ ဌာနခွဲရုံးနဲ့ နယူးယောက် ဝေါဝစ်​မှာ​ရှိတဲ့ ကမ္ဘာ့​ဌာနချုပ် အဆောက်အဦ​မှာ ဖွင့်ပွဲ​တွေ ပြုလုပ်ခဲ့​ပါတယ်။

Media Contacts:

International: David A. Semonian, Office of Public Information, +1-845-524-3000

Ukraine: Ivan Riher, +38-032-240-9323