မာတိကာဆီ ကျော်သွား

ဇူလိုင် ၁၊ ၂၀၁၉
ယူကရိန်း

ယူကရိန်းက ယေဟောဝါသက်သေတွေ ကျမ်းစာပြပွဲ ပြုလုပ်

ယူကရိန်းက ယေဟောဝါသက်သေတွေ ကျမ်းစာပြပွဲ ပြုလုပ်

ယူကရိန်းမှာရှိတဲ့ ယေဟောဝါသက်သေတွေဟာ ရုရှား လက်သင်္ကေတပြစကား (RSL) နဲ့ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစာ ထုတ်ဝေမှုကို ပေါ်လွင်စေတဲ့ အထူးကျမ်းစာပြပွဲတစ်ခု ပြုလုပ်ခဲ့တယ်။ အဲဒါက ဘာသာပြန်လုပ်ငန်းရဲ့ အရေးပါတဲ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်တယ်။ ပြပွဲကို ၂၀၁၈၊ အောက်တိုဘာ ၇ ရက်မှာ လဗီဖ်မြို့ကနေ စတင်ပြီး ၂၀၁၉၊ ဇွန် ၇ နေ့အထိ ကျင်းပသွားပါတယ်။ ပြပွဲကျင်းပတဲ့ တခြားမြို့တွေကတော့ ကာကိဖ်၊ ကီယူ၊ အိုဒါဆာ၊ ဒီနီပရိုမြို့တွေ ဖြစ်တယ်။

ပြပွဲတစ်ခုစီ မတိုင်ခင်မှာ ဒေသခံ လက်သင်္ကေတပြ အသင်းတော်တွေဟာ ပြပွဲ ကျင်းပမယ့် မြို့မှာရှိတဲ့ နားမကြားသူတွေနဲ့ အကြားအာရုံ ချို့ယွင်းသူတွေကို ပုံနှိပ်ဖိတ်စာနဲ့ ဗီဒီယိုဖိတ်စာတွေ ဝေငှခဲ့ကြတယ်။ အဲဒီအပြင် ယူကရိန်းဌာနခွဲမှာရှိတဲ့ လူထုသတင်းအချက်အလက်ဌာနဟာ ဆရာတွေ၊ မီဒီယာတွေနဲ့ အစိုးရ အရာရှိတွေဆီ ဖိတ်စာ ပို့ခဲ့တယ်။

လဗိဖ်မြို့၊ နားမကြားကလပ်မှာ ပြုလုပ်တဲ့ ပထမဆုံးပြပွဲကို လာရောက်ကြည့်ရှုကြသူတွေဟာ နားမကြားသူတွေ ကျမ်းစာလေ့လာမှု ပြုလုပ်နိုင်တဲ့ JW Library Sign Language® app လိုမျိုး ဒီဂျစ်တယ် ကိရိယာအမျိုးမျိုးကို မြင်တွေ့ကြရတယ်။ အဲဒီအပြင် စာလိပ်ကနေ စာအုပ်အထိ ရာစုနှစ်တစ်လျှောက် အသုံးပြုခဲ့တဲ့ ကျမ်းစာတွေကိုလည်း ဧည့်သည်တွေ မြင်တွေ့ကြရတယ်။ ဥပမာ၊ ၁၉၂၇ ခုနှစ်ထုတ် မူရင်းကျမ်းစာအုပ်ကို ကြည့်ခွင့်ရခဲ့တယ်။

အခု ရုရှား လက်သင်္ကေတပြစကား (RSL) နဲ့ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစာကို ရနိုင်ပြီဖြစ်လို့ ဝမ်းသာပါတယ်။ ရုရှား လက်သင်္ကေတပြစကား အသုံးပြုသူတွေ တိကျမှန်ကန်တဲ့ ကျမ်းစာ အသိပညာရဖို့ အထောက်အကူ ဖြစ်မယ်လို့ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—မဿဲ ၅:၃