မာတိကာဆီ ကျော်သွား

၁၉၉၃ ခုနှစ် ယူကရိန်း၊ ကိဗ်မြို့ “မြင့်မြတ်သောသွန်သင်ခြင်း” အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီးမှာ ၇,၄၀၂ ယောက်ကို နှစ်ခြင်းပေးဖို့ နှစ်ခြင်းကန် ခြောက်ခု အသုံးပြုခဲ့

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်
ယူကရိန်း

လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ က ယူကရိန်းမှာ သမိုင်းဝင် နှစ်ခြင်းခံခဲ့တာကို အမှတ်ရနေဆဲ

လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ က ယူကရိန်းမှာ သမိုင်းဝင် နှစ်ခြင်းခံခဲ့တာကို အမှတ်ရနေဆဲ

၁၉၉၃ ခုနှစ်၊ သြဂုတ် ၇ ရက်နေ့တုန်းက ယူကရိန်း၊ ကိဗ်မြို့၊ ယေဟောဝါသက်သေတွေရဲ့“မြင့်မြတ်သောသွန်သင်ခြင်း” အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီးမှာ ညီအစ်ကို/မ ၇,၄၀၂ ယောက် နှစ်ခြင်းခံခဲ့တယ်။ ဒီအရေအတွက်က ယေဟောဝါလူမျိုးရဲ့ မျက်မှောက်ခေတ်သမိုင်းမှာ နှစ်ခြင်းခံသူ အများဆုံး ဖြစ်နေတုန်းပါပဲ။ အဲဒီမှာနှစ်ခြင်းခံခဲ့သူတွေဟာ ဒီအထူးသမယကို အမှတ်ရနေကြဆဲပါ။

နှစ်ခြင်းခံခဲ့သူတွေထဲမှာ ဗိုလော့ဒီမာနဲ့ ဇနီးအေလာ ပါတယ်။ ဒီလိုအစည်းအဝေးကြီးကို သူတို့ ဦးဆုံးအကြိမ် တက်ဖူးကြတာ။ ၁၆ နိုင်ငံက လူပေါင်း ၆၅,၀၀၀ နီးပါး တက်ရောက်ခဲ့တာကို သတိတရ ပြောပြကြတယ်– “အဲဒီ ကိဗ်မြို့အစည်းအဝေးကြီးက ကျွန်တော်တို့ရဲ့ ကမ္ဘာချီ ညီအစ်ကိုအသင်းအပင်းဟာ စာပေတွေထဲမှာပဲ ရှိတာမဟုတ်ဘူး၊ အမှန်တကယ်ရှိတယ်ဆိုတာကို ပြသလိုက်တာပဲ။ နှစ်တွေတစ်လျှောက် အစည်းအဝေးကြီးတွေ တက်ရောက်ကြပြီး ပုံသက်သေကောင်းတွေနဲ့ ဆုံတွေ့ခွင့်ရပြီးနောက် ယေဟောဝါကို ဘဝမှာ ရှေးဦးထားရင် ပျော်ရွှင်မယ်ဆိုတာကို သင်ယူသိရှိခဲ့ရတယ်။”

ဘယ်။ ၁၉၉၃ ခုနှစ် ယူကရိန်း၊ ကိဗ်မြို့ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီးတုန်းက ဗိုလော့ဒီမာနဲ့ ဇနီး အေလာ။ ညာ။ ဒီနေ့ ဗိုလော့ဒီမာနဲ့ အေလာ

ကိဗ်မြို့က ညီအစ်ကို အိုလက်ဆန်ဒရာဟာ အစည်းအဝေးကြီးမှာ နှစ်ခြင်းခံခဲ့တဲ့ ကိုယ့်အသင်းတော်က ညီအစ်ကို/မ အယောက် ၅၀ ထဲက တစ်ယောက်ပါ။ အဲဒီအချိန်ကို သူပြန်အမှတ်ရနေတယ်– “အဲဒီတုန်းက မြင်တွေ့ခဲ့ရတဲ့ မေတ္တာနဲ့ စည်းလုံးမှုကြောင့် မျက်ရည်ကျခဲ့တယ်။ ငါဟာ မေတ္တာရှိတဲ့ ကမ္ဘာချီမိသားစုဝင် တစ်ယောက်ပါလားဆိုတာကို ပိုယုံကြည်စိတ်ချသွားတယ်။ အခု အစည်းအဝေးကြီးတွေ တက်တဲ့အခါလည်း အလားတူ ခံစားနေရဆဲပါ။”

ဘယ်။ ၁၉၉၃ ခုနှစ် ယူကရိန်း၊ ကိဗ်မြို့ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီးမှာရိုက်တဲ့ ဓာတ်ပုံထဲက အိုလက်ဆန်ဒရာ။ ညာ။ ဒီနေ့ အိုလက်ဆန်ဒရာနဲ့ ဇနီးလာရစ်ဆာ

နှစ်ခြင်းခံခဲ့တဲ့နေ့နဲ့ အစည်းအဝေးကြီးတစ်ခုလုံးကို ပြန်စဉ်းစားရင်း ညီအစ်မ လုဒ်မီလာ ဒီလိုပြောတယ်– “‘မြင့်မြတ်သောသွန်သင်ခြင်း’ အစည်းအဝေးကြီးက ဘုရားရေးရာပန်းတိုင်တွေကို အာရုံစိုက်ဖို့ ကျွန်မကို ထောက်ကူပေးခဲ့တယ်။ ယေဟောဝါအမှုတော်ကို အချိန်ပြည့်အမှုဆောင်ဖို့ ကျွန်မ ပန်းတိုင်ထားလိုက်တယ်။ အဲဒီပန်းတိုင်ကို မီခဲ့ပါတယ်။ အခု အချိန်ပြည့်အမှုဆောင်နေတာ ၂၈ လောက်ရှိနေပြီ။ ဒီနှစ်တွေတစ်လျှောက်မှာ ကျွန်မကို ယေဟောဝါ အမြဲထောက်မခဲ့တယ်။”

ဘယ်။ ၁၉၉၃ ခုနှစ် “မြင့်မြတ်သောသွန်သင်ခြင်း” အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီးမှာတုန်းက လုဒ်မီလာ။ ညာ။ ဒီနေ့ လုဒ်မီလာ

၁၉၉၃ ခုနှစ် ယူကရိန်း၊ ကိဗ်မြို့ “မြင့်မြတ်သောသွန်သင်ခြင်း” အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီးဟာ မမေ့နိုင်တဲ့ အမှတ်တရပါ။ အဲဒီအချိန်ကစပြီး ယူကရိန်းမှာ ကြေညာသူ အရေအတွက် တိုးလာလိုက်တာ အခု သုံးဆနီးပါး ဖြစ်နေပြီ။ ယေဟောဝါရဲ့အမှုတော်ကို ထမ်းဆောင်ဖို့ ရွေးချယ်ပြီး ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံခဲ့ကြတဲ့ ယူကရိန်းက ညီအစ်ကို/မတွေကို ဘုရား ဆက်ကောင်းချီးပေးနေပါတယ်။—ထွက်မြောက်ရာ ၃၂:၂၆