မာတိကာဆီ ကျော်သွား

လဗီဖ် ဒန်ညို ဟာလက်စကီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ဒေးဗစ် စပလိန်းနဲ့ ဇနီးကို လှိုက်လှဲစွာ ကြိုဆိုနေကြစဉ်။

နိုဝင်ဘာ ၉၊ ၂၀၁၈
ယူကရိန်း

ယူကရိန်း အထူးအစည်းအဝေးကြီးမှာ ဧည့်ဝတ်ကျေပွန်မှုနဲ့ စည်းလုံးမှုကို တင်ပြကြ

ယူကရိန်း အထူးအစည်းအဝေးကြီးမှာ ဧည့်ဝတ်ကျေပွန်မှုနဲ့ စည်းလုံးမှုကို တင်ပြကြ

ယူကရိန်းနိုင်ငံ၊ လဗီဖ်မြို့မှာ ၂၀၁၈၊ ဇူလိုင် ၆-၈ ရက်အတွင်း ကျင်းပတဲ့ အထူးအစည်းအဝေးကြီးကို တက်ရောက်လာကြတဲ့ ညီအစ်ကို/မ ထောင်ချီကို ယူကရိန်းနိုင်ငံက ယေဟောဝါသက်သေတွေ ကြိုဆိုခဲ့ကြတယ်။ ကိုးနိုင်ငံက ကိုယ်စားလှယ် ၃,၃၀၀ ကျော်ဟာ ကျမ်းစာအခြေပြု အဓိကအကြောင်း “ရဲစွမ်းသတ္တိ ရှိပါ” အစီအစဉ်ကနေ အကျိုးရဖို့ ယူကရိန်းကို ရောက်လာကြတာပါ။ ယူကရိန်း ညီအစ်ကို/မတွေရဲ့ ဧည့်ဝတ်ကျေပွန်မှုကြောင့်လည်း ရွှင်လန်းခဲ့ကြတယ်။

အစည်းအဝေးကြီးအတွက် ၂၀၁၇၊ ဧပြီလကစပြီး ပြင်ဆင်ခဲ့ကြတယ်။ ဒေသခံ ယေဟောဝါသက်သေများစွာဟာ အစည်းအဝေးကြီး အစီအစဉ်တွေနဲ့ ရောက်ရှိလာမယ့် ညီအစ်ကို/မတွေအတွက် ၁၅ လကျော် စေတနာ့ဝန်ထမ်းခဲ့ကြတယ်။ ယူကရိန်း အက၊ တေးဂီတ၊ ရိုးရာအစားအစာ စတဲ့ ထူးခြားတဲ့ ယဉ်ကျေးမှုတချို့ကို ကိုယ်စားလှယ်တွေ မြည်းစမ်းခဲ့ကြရတယ်။ ပြတိုက်တစ်ခုနဲ့ ရှေးဟောင်း ရဲတိုက်တွေကို လည်ပတ်ကြည့်ရှုပြီး ခမ်းနားလှတဲ့ ကာရ်ပေသီယမ်တောင်တန်းကို ရှုစားခဲ့ကြတယ်။ အထူးအမှတ်ရစရာကတော့ ယူကရိန်း ယေဟောဝါသက်သေတွေနဲ့အတူ အမှုဆောင်လုပ်ငန်းမှာ ပါဝင်ခွင့် ရတာပါပဲ။

အစည်းအဝေးကြီး အစီအစဉ်ကို လဗီဖ်မြို့က အားကစားကွင်းကြီးမှာ ကျင်းပပြီး အများဆုံး ၂၅,၀၀၀ ကျော် တက်ရောက်ခဲ့တယ်။ အစီအစဉ်ရဲ့ အဓိကအပိုင်းတွေကို အားကစားရုံ ၁၅ ခုနဲ့ နိုင်ငံတစ်ဝန်းက ဝတ်ပြုရာခန်းမ များစွာကို တိုက်ရိုက် ထုတ်လွှင့်ပေးခဲ့တဲ့အတွက် စုစုပေါင်းတက်ရောက်သူ ၁၂၅,၀၀၀ ကျော် ရှိပြီး ၁,၄၂၀ ယောက် နှစ်ခြင်းခံခဲ့တယ်။

ယူကရိန်းနိုင်ငံ ဌာနခွဲရုံး ကိုယ်စားလှယ် အိုင်ဗန် ရီဟာ ဒီလိုပြောတယ်- “ဒီအထူးအခါသမယနဲ့ တခြားနိုင်ငံက ညီအစ်ကို/မတွေကို ကြိုဆိုဖို့ ကျွန်တော်တို့ မျှော်လင့်စောင့်စားခဲ့ကြတာ။ ဧည့်သည်တွေကို ယူကရိန်းဧည့်ဝတ်ကျေပွန်မှု ပြခွင့်ရခဲ့လို့ ဝမ်းသာကြပါတယ်။ ယေဟောဝါကို ဝတ်ပြုကိုးကွယ်တဲ့ ကမ္ဘာချီ မိသားစုဝင်တွေရဲ့ စည်းလုံးမှုနဲ့ ရဲစွမ်းသတ္တိတွေ ပိုတိုးများလာတယ်လို့ ခံစားရတယ်။”—ဆာလံ ၁၃၃:၁

 

လဗီဖ်မြို့ အားကစားကွင်းကြီးမှာ အများဆုံးတက်ရောက်သူ ၂၅,၄၈၉ ယောက် ရှိခဲ့တယ်။

နှစ်ခြင်းခံတဲ့လူသစ် ၁,၄၂၀ ယောက်ထဲက အသက်အကြီးဆုံး ညီအစ်မတစ်ယောက် ဖြစ်ပါတယ်။

အစည်းအဝေးကြီးမှာ နှစ်ခြင်းခံတဲ့ လူငယ်များစွာထဲမှ တစ်ဦး နှစ်ခြင်းခံနေပါတယ်။

အစည်းအဝေးကြီးကို ဖိတ်ခေါ်တဲ့ အမှုဆောင်လုပ်ငန်းမှာ ဒေသခံကြေညာသူတွေနဲ့ ကိုယ်စားလှယ်တွေ အတူတွဲ လုပ်ဆောင်ခဲ့ကြတယ်။

ဌာနခွဲရုံးက အကြီးဆုံး ပြဇာတ်စင်မြင့်ရှိတဲ့ လဗီဖ်မြို့ ပြဇာတ်ရုံကို ငှားရမ်းခဲ့တယ်။ ယူကရိန်းရိုးရာအကနဲ့ တေးသီချင်းတွေ ဖျော်ဖြေတင်ဆက်တဲ့အတွက် ကိုယ်စားလှယ်တွေ ပျော်ကြတယ်။ ညနေပိုင်း အစီအစဉ်ကို “နာမတော် ယေဟောဝါ” သီချင်းနဲ့ နိဂုံးချုပ်လိုက်တယ်။

ဆဗစ်ရှ် ရဲတိုက်မှာ ဒေသခံ ယေဟောဝါသက်သေတွေ ရိုမန်နီ ရိုးရာအက ဖျော်ဖြေတင်ဆက်နေစဉ်။

အစီအစဉ် နိဂုံးပိုင်းမှာ ဒေသခံ ကြေညာသူတွေက ဧည့်သည် ညီအစ်ကို/မတွေကို ချစ်ကြောင်း ကတ်ပြားတွေနဲ့ တင်ပြနေကြစဉ်။