မာတိကာဆီ ကျော်သွား

စက်တင်ဘာ ၅၊ ၂၀၁၇
ယူနိုက်တက်ကင်းဒမ်း

ယေဟောဝါသက်သေတွေရဲ့ ဗြိတိန်​ဌာနခွဲရုံး​သစ်​ဟာ ရေရှည်​တည်တံ့​မြဲမြံ​တဲ့​ဒီဇိုင်း​အတွက် BREEAM ရဲ့ အဆင့်မြင့်​ဆုံး ဒီဇိုင်း​ဆု ရရှိ

၂၀၁၇၊ မေ ၂၅ မှာ ချမ်း​စ​ဖို့​က သက်သေခံတွေရဲ့ အဆောက်အအုံ​သစ်​ဟာ ဒုတိယ​မြောက် BREEAM ရဲ့ အကောင်းဆုံး​အဆင့် သတ်မှတ်ချက်​ရရှိတဲ့ တစ်ခုတည်းသော အဆောက်အဦ ဖြစ်တယ်။

ယေဟောဝါသက်သေတွေရဲ့ ဗြိတိန်​ဌာနခွဲရုံး​သစ်​ဟာ ရေရှည်​တည်တံ့​မြဲမြံ​တဲ့​ဒီဇိုင်း​အတွက် BREEAM ရဲ့ အဆင့်မြင့်​ဆုံး ဒီဇိုင်း​ဆု ရရှိ

လန်ဒန်။ ယေဟောဝါ​သက်သေတွေဟာ ဗြိတိန်​မှာ ဌာနခွဲရုံး အဆောက်အဦ​သစ် ဆောက်လုပ်​နေကြပြီး ဒီဇိုင်း​နဲ့ ဆောက်လုပ်ရေး နည်း​စနစ်​တွေဟာ ကမ္ဘာ့​ဦးဆောင် ရေရှည်​တည်တံ့​ခိုင်မြဲမှု အကဲဖြတ်​နည်း​စနစ်၊ BREEAM (အဆောက်အအုံ သုတေသန​အဖွဲ့ သဘာဝ​ပတ်ဝန်းကျင် ထိန်းသိမ်းရေး အကဲဖြတ်​နည်း​စနစ်) အရ အဆင့်မြင့်​ဆုံး​အဖြစ် သတ်မှတ်​ခံရ​ပါတယ်။ သက်သေခံတွေရဲ့ အဆောက်အဦ​ဟာ လန်ဒန်​မြို့ အရှေ့ဘက် ၄၃ မိုင်​အကွာ ချမ်း​စ​ဖို့ အက်​ဆက်​မှာ တည်ရှိပြီး ဒုတိယ​မြောက် BREEAM အဖွဲ့အစည်း အစီအစဉ်မှာ အကောင်းဆုံး​အဆင့် သတ်မှတ်​ခံရတဲ့ တစ်ခုတည်းသော အဆောက်အဦ ဖြစ်ပါတယ်။

အဆောက်အအုံ သုတေသန​အဖွဲ့ (BRE) က တည်ထောင်​ထားတဲ့ BREEAM က ဆောက်လုပ်ရေး စီမံကိန်း​တွေရဲ့ ရေရှည်​တည်တံ့​ခိုင်မြဲမှု၊ အခြေခံ​အဆောက်အအုံ​တွေ၊ အဆောက်အအုံ​ရဲ့ အဓိက​ကဏ္ဍ​တွေ​ဖြစ်တဲ့ စွမ်းအင်၊ ကျန်းမာရေး၊ တီထွင်​ဆန်းသစ်မှု၊ မြေ​အသုံးချမှု၊ ပစ္စည်း၊ စီမံခန့်ခွဲမှု၊ ညစ်ညမ်းမှု၊ သယ်ယူ​ပို့ဆောင်ရေး၊ အညစ်အကြေး​နဲ့ ရေ စ​တာတွေကို တိုင်းတာ​စစ်ဆေးပါ​တယ်။ ပြီးမှ အောင်၊ ကောင်း၊ အလွန်​ကောင်း၊ အကောင်းဆုံး ဆိုပြီး အဆင့်​သတ်မှတ်​ပါတယ်။ သက်သေခံတွေရဲ့ အဆောက်အအုံ စီမံကိန်း ခွင့်ပြုချက် ရရှိဖို့ ချမ်း​စ​ဖို့​မြို့တော်​ကောင်စီ​က စီမံကိန်း​ဒီဇိုင်း​ဟာ BREEAM ရဲ့ သတ်မှတ်ချက်​မှာ အနည်းဆုံး အလွန်​ကောင်း​အဆင့် ရရှိ​ထား​ရပါမယ်။ ချမ်း​စ​ဖို့​မြို့တော်​ကောင်စီ​က အကြီး​တန်း စီမံကိန်း​အရာရှိ နီး​လ် ဂျော်ဒန် ဒီလို​ပြောတယ်– “ယေဟောဝါ​သက်သေတွေဟာ တောင်းဆိုချက်ကို အပြည့်အဝ ပြည့်မီ​ကြတယ်။ မြို့တော်​ကောင်စီ​ရဲ့ သတ်မှတ်ချက်​ထက်​တောင် ကျော်လွန်​သွား​သေးတယ်။ ဒီ​စီမံကိန်း​ဟာ သဘာဝ​ပတ်ဝန်းကျင် ထိန်းသိမ်းရေး အမြင့်ဆုံး​စံနှုန်းတွေကို လိုက်နာ​တဲ့​နေရာမှာ စံပြ ဖြစ်လို့ ကျွန်တော်တို့​မြို့​အတွက် ဂုဏ်ယူ​စ​ရာ​ပါပဲ။”

အကောင်းဆုံး​လက်မှတ် ရရှိ​ထားတဲ့​အပြင် အစိမ်းရောင်​ဒီဇိုင်း ဆန်းသစ်မှု​မှာလည်း အသိအမှတ်ပြု​ခံရတယ်။ လုပ်ငန်းခွင်​မှာ လုပ်သားများ နေရာချ​ထားမှု၊ မီ​နီ​ဘ​တ်စ်​နဲ့ ရေရှည်​တည်တံ့​မြဲမြံ​တဲ့ တခြား​သယ်ယူ​ပို့ဆောင်ရေး နည်းလမ်း​တွေ အသုံးပြုမှု​အတွက် သက်သေခံတွေ​က ကာဗွန်​ထုတ်လွှတ်မှု မက်ထရစ်​တန် ၂,၂၅၀ (၂,၄၈၀ တန်) လျှော့ချ​နိုင်ခဲ့ကြ​တယ်။ ဒါကြောင့် BREEAM ရဲ့ အကဲဖြတ်မှု​မှာ ပထမဆုံး​အနေနဲ့ “ဆန်းသစ်မှု ဂုဏ်ပြု​လွှာ” ရရှိခဲ့တယ်။ မစ္စတာ ဂျော်ဒန်​က ဒီ​စီမံကိန်း​ဟာ “သဘာဝ​ပတ်ဝန်းကျင် ထိခိုက်​စေတဲ့ ကာဗွန်​ထုတ်လွှတ်မှု လျှော့ချ​မှု​ကြောင့် BREEAM ရဲ့ ပတ်ဝန်းကျင်​ထိန်းသိမ်းရေး အစီအစဉ်မှာ မရဖူး​တဲ့​သေး​တဲ့ ဂုဏ်ပြု​လွှာ​ကို ရရှိ​သွားတာပါ” လို့ ပြောခဲ့တယ်။

BREEAM ရဲ့ အကဲဖြတ်​ပုဂ္ဂိုလ် မစ္စတာ ပါ​လက် ချ​တ္တာ​ဂျီ။

BREEAM ရဲ့ အကဲဖြတ်​ပုဂ္ဂိုလ် မစ္စတာ ပါ​လက် ချ​တ္တာ​ဂျီ​က သက်သေခံတွေ​နဲ့​အတူ လုပ်ဆောင်ခဲ့​မှု​နဲ့​ပတ်သက်ပြီး ဒီလို​ပြောပါ​တယ်– “ဆောက်လုပ်ရေး​လုပ်ငန်းခွင်​မှာ ရင်းနှီး​ဖော်ရွေ​ကြ​တာ၊ အပြုသဘောထား ရှိကြတာ​ကို ကျွန်တော် သဘောကျ​တယ်။ အဲဒါ​မျိုး ရှားတယ်။ သက်သေခံတွေ​က သူတို့ရဲ့ ဒီဇိုင်း​မှာ BREEAM ရဲ့ အချက်အလက်​တွေ​နဲ့ ကိုက်ညီ​အောင် အတတ်နိုင်ဆုံး ကြိုးစား​ထား​ကြတယ်။ သူတို့ အဓိက​ထားတာ​က BREEAM ရဲ့ ဂုဏ်ပြု​လွှာ​တွေ ရရှိဖို့​လောက်​သာ မဟုတ်ဘဲ သဘာဝ​ပတ်ဝန်းကျင်​ကို ရေရှည်​တည်တံ့​မြဲမြံ​စေဖို့ လုပ်ဆောင်ကြတယ်။ နယ်​ခံ​တွေ၊ နောက်ပိုင်း လာရောက်​နေထိုင်​မယ့်​သူတွေနဲ့ အသေအချာ ဆွေးနွေး​တိုင်ပင်​ကြတာကို ကျွန်တော် သဘောကျ​တယ်။ လုပ်ခဲ့သမျှ​ထဲမှာ​တော့ အကြိုက်ဆုံး စီမံကိန်း​ပါ။”

ဗြိတိန်​က ယေဟောဝါသက်သေတွေရဲ့ ပြောရေးဆိုခွင့်​ရှိသူ အင်ဒရူး စ​ကော​ဖီးလ်​က ဒီလို​ပြောပါ​တယ်– “ဗြိတိန်​နိုင်ငံ​အတွက် ကျွန်တော်တို့ရဲ့ စီမံခန့်ခွဲမှု​လုပ်ငန်း​က လန်ဒန်​မှာ တည်ရှိတာ အနှစ် ၆၀ ကျော် ကြာ​ပါပြီ။ ကျမ်းစာ​အခြေပြု စာပေတွေ၊ ပစ္စည်း​တွေ​အတွက် ပို​ကြီးမားတဲ့​အဆောက်အဦ​တွေ လိုအပ်​လာတယ်။ ၂၀၁၅၊ ဧပြီလ​က စပြီး ၈၅ ဧ​က နီးပါး​ရှိတဲ့ ဒီ​မြေကွက်​မှာ ပြင်ဆင်မှု​တွေ လုပ်ခဲ့ကြတယ်။ ၂၀၁၉ အကုန်​မှာ ဆောက်လုပ်ရေး​လုပ်ငန်း အားလုံး ပြီးစီး​မယ်​လို့ မျှော်လင့်​ပါတယ်။”

Media Contacts:

International: David A. Semonian, Office of Public Information, +1-845-524-3000

United Kingdom: Andrew Schofield, +44-20-8906-2211