မာတိကာဆီ ကျော်သွား

ညီအစ်မ ဟဲလင် ဘပ်ခ် မျက်မမြင် စာရေးကိရိယာကို အသုံးပြုနေစဉ်

၂၀၂၁၊ မတ် ၂၄
ယူနိုက်တက်ကင်းဒမ်း

မသန်စွမ်းပေမဲ့ အောက်မေ့ရာပွဲ ကင်ပိန်းမှာ ပါဝင်

မသန်စွမ်းပေမဲ့ အောက်မေ့ရာပွဲ ကင်ပိန်းမှာ ပါဝင်

ဟဲလင် ဘပ်ခ်ဟာ မျက်မမြင် သက်သေခံတစ်ယောက် ဖြစ်ပြီး စကော့တလန်၊ အီဒင်ဘပ်ခ်မြို့မှာ နေထိုင်တယ်။ ကမ္ဘာချီ ကပ်ရောဂါကြောင့် သက်သေခံအားလုံးလိုပဲ ဟဲလင်လည်း အပြင်ထွက်ပြီး အမှုဆောင်လုပ်ငန်းမှာ မပါဝင်နိုင်ဘူး။ ဒါပေမဲ့ အဲဒါက ယေရှုရဲ့ သေခြင်း အောက်မေ့ရာပွဲ ဖိတ်ခေါ်တဲ့ ကင်ပိန်းမှာ ပါဝင်ဖို့ အတားအဆီး မဖြစ်ခဲ့ဘူး။

ပါဝင်နိုင်ဖို့ ဟဲလင်က မျက်မမြင် စာရေးကိရိယာကို သုံးပြီး မှတ်စု ရေးတယ်။ “ဒါက ကျွန်မအတွက် ခဲတံ၊ စာရွက်နဲ့ တူတယ်” လို့ ဟဲလင် ပြောတယ်။ အဲဒီမှတ်စုကို ဖတ်ပြပြီး တူမ ဖြစ်သူက အချောသတ် ရေးပေးတယ်။

မျက်မမြင်စာပေနဲ့ အောက်မေ့ရာပွဲ ဖိတ်စာ

ဟဲလင်ရဲ့ အမေနဲ့ အဖွားက ယေဟောဝါသက်သေတွေ ဖြစ်တဲ့အတွက် အောက်မေ့ရာပွဲဟာ အမြဲတမ်း ဟဲလင်အတွက် အရေးကြီးတဲ့ပွဲ ဖြစ်တယ်။ တခြားသူတွေကို ဒီပွဲတော် ဖိတ်ခေါ်ဖို့ အမြဲ ကြိုးစားတယ်။ “ဒါက ကျွန်မအတွက် အကြိမ် ၇၀ မြောက် အောက်မေ့ရာပွဲပဲ။ နှစ်တိုင်း မျက်မမြင်စာပေနဲ့ ဖိတ်စာ ရလို့ သိပ်ဝမ်းသာတယ်။ အသေးစိတ် နားလည်အောင် အသေအချာ ဖတ်တယ်။ ပြီးတော့ ကိုယ်ဖိတ်ချင်တဲ့သူအကြောင်း စဉ်းစားတယ်” လို့ ပြောတယ်။

ဘယ်လို အခြေအနေမျိုးမှာပဲ ရှိနေပါစေ ကမ္ဘာတစ်ဝန်းက သစ္စာရှိ ခရစ်ယာန်တွေဟာ မေတ္တာစိတ်ကြောင့် မတ်လ ၂၇ ရက်၊ စနေနေ့မှာ ကျင်းပမယ့် ယေရှုရဲ့ သေခြင်း သတိရအောက်မေ့ပွဲကို တက်ဖို့ လူတိုင်းကို ဖိတ်ခေါ်ကြတယ်။—လုကာ ၂၂:၁၉