မာတိကာဆီ ကျော်သွား

၂၀၁၇၊ ဇွန် ၂၆
ယူနိုက်တက်ကင်းဒမ်း

လန်ဒန်​မြို့၊ အဆောက်အအုံ မီးလောင်​ကျွမ်း​ပြီးနောက် သက်သေခံတွေရဲ့ လုပ်ဆောင်မှု

လန်ဒန်​မြို့၊ အဆောက်အအုံ မီးလောင်​ကျွမ်း​ပြီးနောက် သက်သေခံတွေရဲ့ လုပ်ဆောင်မှု

၂၀၁၇၊ ဇွန် ၁၄ ရက်၊ မနက်​တစ်​နာရီ​ကျော်​လောက်​မှာ လန်ဒန်​မြို့ရဲ့ မြောက်ပိုင်း​ကန်​ဆင်​တန်​မှာ​ရှိတဲ့ ၂၄ ထပ်​မြင့်တဲ့ ဂ​ရင်း​ဖဲလ်​တာ​ဝါ အကြီးအကျယ် မီးလောင်​ကျွမ်း​သွားတယ်။ လူ ၇၉ ဦး​ထက်​မနည်း သေဆုံးခဲ့တယ်​လို့ သတင်းရ​တယ်။ မီး​ဘေးသင့်​သူတွေကို ယေဟောဝါသက်သေတွေ အကူအညီ​ပေး​ကြတယ်။

သက်သေခံ​လေးဦး​ကို အဲဒီ​အဆောက်အအုံ​ကနေ ဘေးကင်း​ရာ​ဆီ ရွှေ့​ပြောင်း​ပေးတယ်။ နှစ်ဦး​ကတော့ ဂ​ရင်း​ဖဲလ်​တာ​ဝါ​မှာ နေထိုင်သူတွေ ဖြစ်တယ်။ သူတို့ရဲ့​တိုက်ခန်း မီး​ထဲ ​ပါသွား​ပေမဲ့ တစ်ယောက်မှ ထိခိုက်​ဒဏ်ရာ မရခဲ့​ဘူး။ မီး​ကျွမ်း​သွားတဲ့ အဆောက်အဦနားမှာ နေထိုင်တဲ့ သက်သေခံတွေဟာ မီး​ဘေးသင့် ယုံကြည်သူချင်း​တွေ​နဲ့ မိသားစုဝင်တွေကို အစာရေစာ၊ အဝတ်​အထည်၊ ငွေကြေး​အကူအညီ ပေး​ကြတယ်။ ဒါ့အပြင် မြောက်ပိုင်း​ကန်​ဆင်​တန်​မှာ​ရှိတဲ့ မီး​ဘေးသင့်​ပြည်သူတွေကို သတင်းကောင်း ​ဟော​ပြီး နှစ်သိမ့်​ပေး​ကြတယ်။

Media Contacts:

International: David A. Semonian, Office of Public Information, +1-845-524-3000

United Kingdom: Andrew Schofield, +44-20-8906-2211