မာတိကာဆီ ကျော်သွား

မိုးသက်မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ညီအစ်ကိုတစ်ယောက်ရဲ့ အိမ်

နိုဝင်ဘာ ၁၉၊ ၂၀၁၉
ရဝမ်ဒါ

ရဝမ်ဒါနိုင်ငံမှာ သည်းထန်တဲ့ မိုးသက်မုန်တိုင်း ကျရောက်

ရဝမ်ဒါနိုင်ငံမှာ သည်းထန်တဲ့ မိုးသက်မုန်တိုင်း ကျရောက်

၂၀၁၉၊ အောက်တိုဘာ ၂၆ နဲ့ ၂၉ ရက်နေ့တုန်းက ရဝမ်ဒါနိုင်ငံမြောက်ပိုင်းအနှံ့မှာ ကျရောက်တဲ့ မိုးသက်မုန်တိုင်းကြောင့် ယေဟောဝါသက်သေအတော်များများ ထိခိုက်ခဲ့တယ်။ မြောက်ပိုင်း မူဆန်ဇေတိုင်းက သက်သေခံမောင်နှံရဲ့ ၁၃ နှစ်အရွယ် သမီးဖြစ်သူ ရေထဲ မျောပါသွားပြီး သေဆုံးသွားတာ ကြားရလို့ ကျွန်တော်တို့ ဝမ်းနည်းကြေကွဲကြရတယ်။

အနောက်ပိုင်း ငိုရိုရေရိုတိုင်းက သက်သေခံမိသားစုတစ်စုရဲ့ အိမ်နဲ့ မိသားစုကိုးစုရဲ့ ကောက်ပဲသီးနှံတွေ ပျက်စီးသွားခဲ့တယ်။ ရဝမ်ဒါနိုင်ငံဌာနခွဲရုံးဟာ ကယ်ဆယ်ရေးအစီအစဉ် ဆောင်ရွက်ပေးပြီး ကာယရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အကူအညီပေးဖို့ လုပ်ဆောင်နေပါတယ်။

ဘေးသင့်နေတဲ့ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေကို ယေဟောဝါ နှစ်သိမ့်ပေးပါစေလို့ ဆုတောင်းတယ်။—၂ သက်သာလောနိတ် ၂:၁၆၊ ၁၇