၂၀၂၃ ခုနှစ်၊ မေ ၁၅ ရက်
ရဝမ်ဒါ
ရဝမ်ဒါနိုင်ငံ အနောက်ပိုင်းမှာ မိုးသည်းထန်လို့ ရေကြီးပြီး မြေပြိုမှု ဖြစ်ပွား
၂၀၂၃ ခုနှစ်၊ မေ ၂ နဲ့ ၃ ရက်မှာ မိုးသည်းထန်ခဲ့လို့ရဝမ်ဒါနိုင်ငံ အနောက်ပိုင်းမှာ ရေကြီးပြီး မြေပြိုခဲ့တယ်။ လူ ၁၃၀ ကျော် သေဆုံးခဲ့ပြီး ထောင်နဲ့ချီတဲ့သူတွေ နေအိမ်ကို စွန့်ခွာရွှေ့ပြောင်းခဲ့ရတယ်။ ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် ကောက်ပဲသီးနှံတွေ၊ နေအိမ်တွေ၊ တံတားတွေနဲ့ လမ်းတွေ ပြိုကျပျက်စီးခဲ့တယ်။
ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ
ညီအစ်ကို၊ ညီအစ်မတစ်ယောက်မှ သေဆုံးခြင်းမရှိ
အိမ် ၅၁ လုံး လုံးဝ ပျက်စီး
အိမ် ၄၃ လုံး အကြီးအကျယ် ထိခိုက်ပျက်စီး
ဝတ်ပြုရာခန်းမ ၂ လုံး အနည်းငယ် ထိခိုက်ပျက်စီး
ကယ်ဆယ်ရေး လုပ်ဆောင်မှု
ကယ်ဆယ်ရေးလုပ်ငန်း စီစဉ်ဖို့၊ လက်တွေ့ကျကျ ထောက်ပံ့ပေးဖို့ ကယ်ဆယ်ရေးကော်မတီ ၃ ခု ဖွဲ့စည်း
ဌာနခွဲကော်မတီဝင်တွေ၊ တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံ အကြီးအကဲတွေက ဘေးသင့်ဒေသက ညီအစ်ကို/မတွေကို ကျမ်းစာနဲ့ နှစ်သိမ့်အားပေး
“ဒုက္ခရောက်ချိန်” ကို ဖြတ်ကျော်နေရတဲ့ ရဝမ်ဒါနိုင်ငံက ညီအစ်ကို/မတွေကို ယေဟောဝါဘုရား ဆက်ပြီး ထောက်မပေးဖို့ ဆုတောင်းနေပါတယ်။—ဆာလံ ၄၆:၁။