မာတိကာဆီ ကျော်သွား

ဝဲ။ ညီအစ်မ ဒါရာနဲ့ ဗီနီရာ ဒူလိုဗာ။ ယာ။ ညီအစ်ကို အလက်စန်ဒါ ပရီအာနီကော့ဗ်နဲ့ ဇနီး အနာစတာစီရာ။ အလယ်။ ညီအစ်မ စဗက်လာနာ ဇာလရာရေဗာ

၂၀၂၂၊ ဇန်နဝါရီ ၂၀
ရုရှား

ကာပင်မြို့က ညီအစ်ကို/မတွေ ယေဟောဝါဘုရားကို ကိုးစားတဲ့အတွက် ယုံကြည်ခြင်း ခိုင်ခံ့လာ

ကာပင်မြို့က ညီအစ်ကို/မတွေ ယေဟောဝါဘုရားကို ကိုးစားတဲ့အတွက် ယုံကြည်ခြင်း ခိုင်ခံ့လာ

စဗာလို့စ်ဒေသ၊ ကာပင်မြို့ တရားရုံးက ညီအစ်မ ဒါရာ ဒူလိုဗာ၊ ညီအစ်မ ဗီနီရာ ဒူလိုဗာ၊ ညီအစ်ကို အလက်စန်ဒါ ပရီယာနီကော့ဗ်နဲ့ ဇနီးတို့ရဲ့ အမှု စီရင်ချက်ကို မကြာမီ ကြေညာပါမယ်။ ချမှတ်မယ့် ပြစ်ဒဏ်ကို အစိုးရရှေ့နေ တောင်းဆိုထားခြင်း မရှိသေးပါ

အချိန်ပြဇယား

  1. ၂၀၂၀၊ ဇန်နဝါရီ ၂၇

    အလက်စန်ဒါ၊ ဒါရာနဲ့ ဗီနီရာတို့ရဲ့ အမှုကို တရားရုံးက သီးသန့်စီ စီရင်ချက် ချတယ်

  2. ၂၀၂၀၊ ဖေဖော်ဝါရီ

    အလက်စန်ဒါ၊ ဒါရာနဲ့ ဗီနီရာတို့ကို ဒုတိယအကြိမ် ပြစ်ဒဏ်စီရင်ခြင်း ဖြစ်တယ်

  3. ၂၀၂၀၊ မတ် ၃၀

    အစိုးရ အရာရှိတွေက တရားစွဲခံရသူတွေရဲ့ အိမ်တွေကို ဝင်ရောက်ရှာဖွေပြီး ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာတွေကို သိမ်းယူသွားတယ်

  4. ၂၀၂၀၊ မေ ၁၉

    အနာစတာစီရာနဲ့ စဗက်လာနာတို့အမှုကိုလည်း ရာဇဝတ်မှုထဲ ထည့်လိုက်တယ်။ သူတို့ကို ဒေသကနေ ထွက်ခွာခွင့် မပေးဘူး

  5. ၂၀၂၁၊ ဧပြီ ၂၉

    အမှုကို စတင်ကြားနာစစ်ဆေးတယ်

ကိုယ်ရေးအကျဉ်း

ရုရှားမှာ ညီအစ်ကို/မတွေ ဆက်နှိပ်စက်ညှဉ်းဆဲခံနေရပေမဲ့ မိမိတို့ကို ယေဟောဝါဘုရား ချစ်မြဲ ချစ်နေပြီး ဂရုစိုက်နေတဲ့အတွက် ကျွန်တော်တို့ယုံကြည်ခြင်း ပိုခိုင်ခံ့လာတယ်။ ‘သူတို့ရဲ့ အစမ်းသပ်ခံ ယုံကြည်ခြင်းကြောင့်’ ယေဟောဝါရဲ့ နာမတော်ဟာ ‘ချီးမွမ်းစရာ၊ ဘုန်းအသရေ၊ ဂုဏ်အသရေ’ ထင်ရှားစရာ ဖြစ်စေပါတယ်။—၁ ပေတရု ၁:၇