မာတိကာဆီ ကျော်သွား

၂၀၂၀၊ ဖေဖော်ဝါရီ ၁၂
ရုရှား

ကျမ်းစာမူအကြောင်း ဆွေးနွေးတဲ့အတွက် ညီအစ်ကို ယေ့ဂျနီ အက်စိုနို့ဗ် တရားစွဲဆိုခံရ

ကျမ်းစာမူအကြောင်း ဆွေးနွေးတဲ့အတွက် ညီအစ်ကို ယေ့ဂျနီ အက်စိုနို့ဗ် တရားစွဲဆိုခံရ

၂၀၂၀၊ ဖေဖော်ဝါရီ ၁၄ မှာ ခါဘာရော့စ်မြို့၊ ရှလက်ဇနာ ဒရော်ဇက်ဇနီ ခရိုင်တရားရုံးက ညီအစ်ကို ယေ့ဂျနီ အက်စိုနို့ဗ်ရဲ့ အမှုကို စီရင်ချက်ချပါတော့မယ်။ ထောင်ဒဏ် သုံးနှစ်အထိ ကျခံစေဖို့ တရားလို ရှေ့နေက တောင်းဆိုထားပါတယ်။

၂၀၁၈၊ ဧပြီ ၂၁ မှာ ညီအစ်ကို အက်စိုနို့ဗ်နဲ့ အသိမိတ်ဆွေတစ်စု ကျမ်းစာ ဆွေးနွေးဖို့ ဟိုတယ်တစ်ခုမှာ စုဆုံခဲ့ကြတယ်။ ကျမ်းစာမူတွေက မိသားစုတွေကို ခွန်အားရှိစေကြောင်း ပြောဆိုခဲ့တယ်။ ဒီအတွက်ကြောင့် “လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိ ရာဇဝတ်ကောင်” လို့ စွပ်စွဲခံရပြီး “အစွန်းရောက် အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေကို စီစဉ်သူ” အဖြစ် တရားစွဲဆိုခံရတယ်။ ၂၀၁၉၊ အောက်တိုဘာ ၂၁ မှာ အမှုကို စတင်ကြားနာခဲ့တယ်။

ညီအစ်ကို အက်စိုနို့ဗ်ရဲ့ အမှု ပြီးဆုံးခါနီးပြီဖြစ်လို့ သူနဲ့ မိသားစု ယေဟောဝါရဲ့ အကူအညီကို ဆက်မျှော်ကိုးနိုင်စေဖို့၊ သစ္စာစောင့်သိသူတွေကို ယေဟောဝါ “လိုလေသေးမရှိ ပြည့်စုံ” စေမယ်ဆိုတဲ့ ကတိတော်ကို စိတ်ချစေဖို့ ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။—ဆာလံ ၃၄:၉