မာတိကာဆီ ကျော်သွား

ညီအစ်ကို အီဂေါ် ချီယက်ဖ်

၂၀၂၁၊ ဇန်နဝါရီ ၂၈
ရုရှား

ကျမ်းစာ လေ့လာတဲ့အတွက် ညီအစ်ကို အီဂေါ် ချီယက်ဖ် ထောင်လေးနှစ် ကျနိုင်ဖွယ်ရှိ

ကျမ်းစာ လေ့လာတဲ့အတွက် ညီအစ်ကို အီဂေါ် ချီယက်ဖ် ထောင်လေးနှစ် ကျနိုင်ဖွယ်ရှိ

စီရင်ချက် ချမယ့်အချိန်

၂၀၂၁၊ ဖေဖော်ဝါရီ ၁ a ရက်မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘိုင်ရိုဘစ်ဇန် ခရိုင် တရားရုံးက ညီအစ်ကို အီဂေါ် ချီယက်ဖ် အမှုကို ဆုံးဖြတ်ချက် ချပါမယ်။ ထောင်ဒဏ် လေးနှစ် ချမှတ်ခံရနိုင်ဖွယ် ရှိတယ်။

ကိုယ်ရေးအကျဉ်း

အီဂေါ် ချီယက်ဖ်

  • မွေးဖွားတဲ့နှစ်– ၁၉၇၄ (ဘီရာကန်၊ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ– ညီမ နှစ်ယောက် ရှိတယ်။ ကျောင်းတက်နေရင်း မိသားစုကို ထောက်ပံ့ဖို့ သစ်ခုတ်သမား၊ လက်သမား၊ လျှပ်စစ်ပြင်သမားအဖြစ် အလုပ်လုပ်ခဲ့တယ်။ သဘာဝ ရှုခင်းတွေကို နှစ်သက်ပြီး ငါးဖမ်း ဝါသနာ ပါတယ်

  • စစ်မှုထမ်းနေချိန်မှာ ဘဝရည်ရွယ်ချက်အကြောင်း စစဉ်းစားမိတယ်။ ဒါကြောင့် ဖခင်နဲ့အတူ ကျမ်းစာ လေ့လာတယ်။ ၁၉၉၇ မှာ နှစ်ခြင်းခံခဲ့တယ်။ ၁၉၉၈ မှာ ဗစ်တိုးရီးယားနဲ့ လက်ထပ်တယ်။ ကျောင်းနေအရွယ် သမီးလေး တစ်ယောက် ရှိတယ်

အမှုနောက်ကြောင်း

၂၀၁၉၊ ဇူလိုင် ၃၀ မှာ ရုရှား အာဏာပိုင်တွေက ညီအစ်ကို အီဂေါ် ချီယက်ဖ်ကို ရာဇဝတ်မှုနဲ့ အမှုဖွင့်တယ်။ “ယေဟောဝါသက်သေတွေရဲ့ သွန်သင်ချက်တွေကို ဖြန့်ဖို့” ကျမ်းစာ လေ့လာတာဆိုပြီး စွပ်စွဲခံရတယ်။ သက်သေအဖြစ် ဖယ်ဒရယ် လုံခြုံရေး (FSB) တွေ ခိုးရိုက်ထားတဲ့ ဝတ်ပြုစည်းဝေးပွဲ ဗီဒီယိုတွေကို တင်သွင်းကြတယ်။ ယုံကြည်ချက်အကြောင်း အီဂေါ် ထွက်ဆိုတာကို တခြားသူတွေ ကြားပြီး ယုံကြည်သွားနိုင်တဲ့အတွက် ဒီတရားရေး ကြားနာမှုကို လူအများရှေ့ မလုပ်ဖို့ အစိုးရ ရှေ့နေတွေ တောင်းဆိုထားတယ်။ အဲဒါကို တရားရုံးက သဘောတူတယ်။

အီဂေါ် ဒီလို ပြောတယ်- “မကြာခင် ချမယ့် တရားရုံး စီရင်ချက်က ကျွန်တော့်ဘဝကို အများကြီး ထိခိုက်စေတော့မှာ။ အခုလည်း ထိခိုက်နေပါပြီ။ အသွားအလာ ကန့်သတ်ချက်တွေ ချထားတယ်။ အလုပ်မှာလည်း အလုပ်ရှင်က ရဲတွေ ကျွန်တော့်ကို ဘာကြောင့် စစ်ဆေးရလဲ ဆိုတာ ရှင်းပြခိုင်းတယ်။ ရာဇဝတ်မှုနဲ့ ဘာကြောင့် တရားစွဲခံရလဲဆိုတာ အလုပ်ရှင်နဲ့ အလုပ်ဖော်တွေ နားမလည်နိုင်အောင် ဖြစ်နေကြတယ်။ ဒါပေမဲ့ ခရစ်ယာန်တွေ အမြဲ ညှဉ်းဆဲခံရမှန်း သူတို့ သိကြတယ်။”

အီဂေါ်နဲ့ မိသားစုအတွက် ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။ ယေဟောဝါက “စွမ်းအားတော်ကတစ်ဆင့် အားဖြည့်ပေး” မယ်ဆိုတာ ယုံကြည်ပါတယ်။—ဧဖက် ၃:၁၆

a ပြောင်းနိုင်။