၂၀၂၄ ခုနှစ်၊ ဇွန် ၃ ရက်
ရုရှား
“ကျွန်မဘဝရဲ့အရေးပါဆုံးသူဟာ ယေဟောဝါဘုရားပါ”
ခရာစနာဒါဒေသ၊ ဗေရှိုကိုစကီ ခရိုင်တရားရုံးက ညီအစ်မ ယယ်လီနာ ဂတ်ဒရှီနာရဲ့အမှုကို မကြာခင် စီရင်ချက်ချပါတော့မယ်။ အစိုးရရှေ့နေက ချမှတ်စေလိုတဲ့ပြစ်ဒဏ်ကို လျှောက်ထားခြင်းမရှိသေးဘူး။
ကိုယ်ရေးအကျဉ်း
ယေဟောဝါရဲ့တန်ခိုးတော်နဲ့ ခုခံကာကွယ်ပေးမှု၊ ထောက်မမှုကို မျှော်ကိုးနိုင်တယ်ဆိုတာ ယယ်လီနာလိုပဲ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၅၄:၁၊ ၂။
အချိန်ပြဇယား
ဖေဖော်ဝါရီ ၁၃၊ ၂၀၂၂
အိမ်ကို ဝင်ရောက်ရှာဖွေတယ်။ ဖုန်း၊ တက်ဘလက် စတာတွေ၊ ဘဏ်ကတ်တွေနဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို သိမ်းဆည်းသွားတယ်။
ဇွန် ၁၅၊ ၂၀၂၃
ပြစ်မှုဖွင့်လှစ်တယ်။
ဩဂုတ် ၁၀၊ ၂၀၂၃
စစ်ဆေးမေးမြန်းပြီး ခရီးသွားလာခွင့်ကန့်သတ်တယ်။
ဇန်နဝါရီ ၃၀၊ ၂၀၂၄
ပြစ်မှုစတင်ကြားနာစစ်ဆေးတယ်။