မာတိကာဆီ ကျော်သွား

ဘယ်မှ ညာ။ ညီအစ်မ တတ်ယာနာ ဘွန်ဒါရန်ကို၊ တက်ယာနာ စဗာ့ဘိုဒါနဲ့ ယေလီနာ နီစတီရာဗာ

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၀ ရက်
ရုရှား

ကွန်ဆာမို့နာမူရီမြို့က ညီအစ်မ သုံးယောက် အပြစ်ရှိကြောင်း စီရင်ချက်ချခံရ

ကွန်ဆာမို့နာမူရီမြို့က ညီအစ်မ သုံးယောက် အပြစ်ရှိကြောင်း စီရင်ချက်ချခံရ

၂၀၂၃ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့မှာ ကွန်ဆာမို့နာမူရီမြို့၊ စန်တြယ်နီ ခရိုင်တရားရုံးက ညီအစ်မ တတ်ယာနာ ဘွန်ဒါရန်ကို၊ ယေလီနာ နီစတီရာဗာနဲ့ တက်ယာနာ စဗာ့ဘိုဒါ တို့ကိုအပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ထောင်ဒဏ် ငါးနှစ်စီ မှတ်ခဲ့တယ်။ အခုလောလောဆယ် သူတို့ ထောင်ထဲသွားစရာ မလိုပါ။

ကိုယ်ရေးအကျဉ်း

အခက်အခဲတွေကြား သစ္စာရှိရှိရပ်တည်နေတဲ့ ကျွန်တော်တို့ရဲ့ ညီအစ်မတွေကို ယေဟောဝါ ဆက်ကောင်းချီးပေးပြီး ခွန်အားပေးဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။—ရုသ ၂:၁၂

အချိန်ပြဇယား

  1. စက်တင်ဘာ ၂၁၊ ၂၀၂၁

    တက်ယာနာ စဗာ့ဘိုဒါကို ပြစ်မှုနဲ့ အမှုဖွင့်တယ်။

  2. အောက်တိုဘာ ၁၈၊ ၂၀၂၁

    တတ်ယာနာ ဘွန်ဒါရန်ကိုနဲ့ ယေလီနာ နီစတီရာဗာကိုလည်း စစ်ဆေးမေးမြန်းတယ်။

  3. အောက်တိုဘာ ၂၀၊ ၂၀၂၁

    အိမ်တွေကို ရှာဖွေတယ်။

  4. သြဂုတ် ၂၈၊ ၂၀၂၂

    တရားစွဲဆိုတယ်။

  5. ဒီဇင်ဘာ ၂၈၊ ၂၀၂၂

    ပြစ်မှု စတင်ကြားနာစစ်ဆေးတယ်။

  6. မတ် ၂၃၊ ၂၀၂၃

    အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ထောင်ဒဏ် ငါးနှစ်စီ ချမှတ်လိုက်တယ်။