မာတိကာဆီ ကျော်သွား

ညီအစ်မ ဂါလီနာ ပါကိုဗာ

၂၀၂၁၊ ဇန်နဝါရီ ၂၅
ရုရှား

ခင်ပွန်းဖြစ်သူ အချုပ်ကျနေချိန် ညီအစ်မ ဂါလီနာ ပါကိုဗာလည်း တရားရုံး ဆုံးဖြတ်ချက်ကို စောင့်နေ

ခင်ပွန်းဖြစ်သူ အချုပ်ကျနေချိန် ညီအစ်မ ဂါလီနာ ပါကိုဗာလည်း တရားရုံး ဆုံးဖြတ်ချက်ကို စောင့်နေ

စီရင်ချက် ချမယ့်အချိန်

ညီအစ်မ ဂါလီနာ ပါကိုဗာရဲ့ အမှုကို ရော့စတို့ဗ် အော်ဒွန်မြို့၊ လီနင်စကီ ခရိုင်တရားရုံးက မကြာခင် ဆုံးဖြတ်ချက် ချပါတော့မယ်။ a အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် ဆိုင်းငံ့ထောင်ဒဏ် ၃ နှစ် ချမှတ်ဖို့ အဆိုတင်သွင်းထားကြတယ်။

ကိုယ်ရေးအကျဉ်း

ဂါလီနာ ပါကိုဗာ

  • မွေးဖွားတဲ့နှစ်– ၁၉၇၀ (ကာလ်တန်)

  • ဘဝအတ္ထုပ္ပတ္တိ– ၁၉၉၀ မှာ အလက်ဇန်းဒါးနဲ့ လက်ထပ်တယ်။ သမီး သုံးယောက်၊ မြေး နှစ်ယောက် ရှိတယ်။ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာပြီး ၁၉၉၅ မှာ နှစ်ခြင်းခံတယ်။ သီချင်းဆိုတာ၊ ပန်းချီဆွဲတာ ဝါသနာပါတယ်။

အမှုနောက်ကြောင်း

၂၀၁၉၊ ဇွန် ၆ ရက်မှာ အာဏာပိုင်တွေက ဂါလီနာကို တရားစွဲတယ်။ အဲဒီရက် မတိုင်ခင် အပတ်အနည်းငယ်မှာ ခင်ပွန်း အလက်ဇန်းဒါး အဖမ်းခံရတယ်။

ခင်ပွန်းဖြစ်သူ အဖမ်းခံထားရလို့ ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့ဖို့ အတော်လေး အခက်တွေ့ခဲ့တယ်။ ဒါ့အပြင် အာဏာပိုင်တွေက ဂါလီနာရဲ့ ဘဏ်ကဒ်ကို ပိတ်လိုက်တဲ့အတွက် လစာ အပါအဝင် ငွေတွေ ထုတ်မရတော့ဘူး။ ဒါကြောင့် အလုပ် ထွက်လိုက်ရပြီး ရရာ အလုပ်တွေ လုပ်နေရတယ်။

ရုရှားမှာ ရှိတဲ့ ညီအစ်ကိုတွေဟာ “ဆိုးညစ်သူတွေ ခံထိုက်တဲ့အရာကို” ခံနေရတဲ့ “ဖြောင့်မတ်သူတွေ” ဖြစ်တယ်။ (ဒေသနာ ၈:၁၄) ဒါပေမဲ့ သူတို့ရဲ့ ယုံကြည်ခြင်း ပုံသက်သေက ဘယ်လို အခက်အခဲတွေပဲ ကြုံပါစေ ဆက်တည်ကြည်နေဖို့ ကျွန်တော်တို့ကို ခွန်အားဖြစ်စေတယ်။

a စီရင်ချက် ချမယ့်ရက်ကို ကြိုတင် မသိနိုင်ပါ။