မာတိကာဆီ ကျော်သွား

ဖေဖော်ဝါရီ ၁၆၊ ၂၀၁၈
ရုရှား

ဒဲနစ္စ ခရစ်​တန်​ဆန်​ရဲ့ အမှုကို အို​ရွိုလ်​တရားရုံးမှာ စတင်​ကြားနာ​တော့​မယ်

ဒဲနစ္စ ခရစ်​တန်​ဆန်​ရဲ့ အမှုကို အို​ရွိုလ်​တရားရုံးမှာ စတင်​ကြားနာ​တော့​မယ်

၂၀၁၈၊ ဖေဖော်ဝါရီ ၁၉ ရက်​နေ့မှာ ဒဲနစ္စ ခရစ်​တန်​ဆန်​ရဲ့ အမှုကို စတင်​ကြားနာ​ပါ​မယ်။ ဒိန်းမတ်​နိုင်ငံသား ယေဟောဝါ​သက်သေ​တစ်ဦး​ဖြစ်တဲ့ မစ္စတာ ခရစ်​တန်​ဆန်​ဟာ ရုရှား​နိုင်ငံ၊ အို​ရွိုလ်​မြို့မှာ ၂၀၁၇၊ မေလ​ကတည်းက အမှု​မ​စစ်​ဘဲ ချုပ်နှောင်​ခံ​ထား​ရ​ပါတယ်။

၂၀၁၈၊ ဇန်နဝါရီ ၃၁ မှာ အို​ရွိုလ် ခရိုင်​တရားရုံး​ရဲ့ အစိုးရ​ရှေ့နေ​က မစ္စတာ ခရစ်​တန်​ဆန်​ကို စွဲချက် ၇၆ မျက်နှာ​နဲ့ တရားစွဲ​ဆိုထားတယ်။ ရုရှား​ဖယ်​ဒ​ရေး​ရှင်း ပြစ်မှု​ကျင့်ထုံး​ဥပဒေ အပိုဒ် ၂၈၂.၂ အပိုင်း ၁ အရ၊ အစွန်းရောက်​အဖွဲ့​လို့ ကြေညာ​ထားတဲ့ ဘာသာရေး​အဖွဲ့အစည်းရဲ့ လုပ်ငန်းတွေကို ဆက်လက်​ဆောင်ရွက်မှု​နဲ့ စွဲချက်​တင်တယ်။ ဒီ​ပြစ်မှု​အတွက် ထောင်ဒဏ် ဆယ်နှစ် ကျ​နိုင်ပါတယ်။

မစ္စတာ ခရစ်​တန်​ဆန်​ဟာ ရာဇဝတ်မှု ကျူးလွန်​သူ မဟုတ်ပါဘူး။ တခြား​ယုံကြည်သူချင်းတွေ​အပြင် ဇနီးသည်​နဲ့​အတူ ဘာသာရေး အစည်းအဝေး​တစ်ခုမှာ ငြိမ်းချမ်း​စွာ ပါဝင်​နေတုန်း အဖမ်းခံရ​တာ​ပါ။ ၂၀၁၈၊ ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲ ၂:​၃၀၊ အို​ရွိုလ်​မြို့၊ ရှ​လက်​ဇ​နာ ဒရော်​ဇ​က်​ဇ​နီ ခရိုင်​တရားရုံးမှာ အမှု စတင်​ကြားနာ​ပါ​မယ်။