မာတိကာဆီ ကျော်သွား

ထောင်က လွတ်လာပြီးနောက် ညီအစ်ကို ဗလာဒီမာ ဘာလာခင် (အလယ်) ကို တရားရုံးရှေ့မှာ ဇနီး တာတယာနာ၊ မိသားစု၊ မိတ်ဆွေနဲ့အတူ တွေ့ရစဉ်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်
ရုရှား

ခုနစ်ဆယ့်တစ်နှစ်အရွယ် ညီအစ်ကို ဗလာဒီမာ ဘာလာခင် ထောင်ကနေ လွတ်လာ

ခုနစ်ဆယ့်တစ်နှစ်အရွယ် ညီအစ်ကို ဗလာဒီမာ ဘာလာခင် ထောင်ကနေ လွတ်လာ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်မှာ ညီအစ်ကို ဗလာဒီမာ ဘာလာခင် ထောင်ကနေ လွတ်လာပါပြီ။ ထောင်ဒဏ်လေးနှစ် ချမှတ်ခံရပေမဲ့ သုံးလတည်းနဲ့ လွတ်လာတာပါ။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်မှာ တရားရုံးက ညီအစ်ကို ဗလာဒီမာကို အပြစ်ရှိကြောင်း စီရင်ပြီး ထောင်ချတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ညီအစ်ကို ဗလာဒီမာ အယူခံဝင်တယ်။ တရားသူကြီး သုံးယောက်က အယူခံမှုကို ကြားနာပြီး ကနဦး ပြစ်ဒဏ်စီရင်ချက်ကို ပြောင်းလဲတယ်။ ထောင်ဒဏ်လေးနှစ်အစား ဆိုင်းငံ့ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်တာပါ။

တရားခွင်မှာ ညီအစ်ကို ဗလာဒီမာ အခုလို ရဲရဲရင့်ရင့် ပြောတယ်– “ကျွန်တော့် ယုံကြည်ချက်တွေဟာ ကျမ်းစာပေါ်မှာ အခြေခံထားတာပါ။ လူသားတွေဆီမှာ ဖန်ဆင်းရှင် ရှိစေချင်တဲ့ အရည်အသွေးတွေကို ကျမ်းစာရဲ့ အကူအညီနဲ့ ကျွန်တော် မွေးမြူနိုင်ခဲ့တယ်။ နူးညံ့သိမ်မွေ့မှု၊ ကြင်နာမှု၊ စိတ်ရှည်မှု၊ ချုပ်တည်းမှု စတဲ့အရည်အသွေးတွေ ရှိလာလို့ ကျွန်တော်ကိုယ်တိုင်ကော မိသားစုပါ အကျိုးရခဲ့တယ်။ ကျမ်းစာက လူတွေရဲ့ ဘဝ ကောင်းမွန်တိုးတက်အောင် ပြောင်းလဲနိုင်စွမ်း ရှိလို့ လူအားလုံးကို ကျမ်းစာအကြောင်း ကောင်းကောင်းသိစေချင်တာပါ ခင်ဗျာ။”

ကျွန်တော်တို့လည်း ညီအစ်ကို ဗလာဒီမာနဲ့ သူ့မိသားစုအတွက် ဝမ်းသာပါတယ်။ ထောင်ထဲမှာ ရှိနေသေးတဲ့ ညီအစ်ကို/မတွေကိုလည်း သတိရနေပြီး သူတို့ရဲ့ ခံနိုင်ရည်ကို ယေဟောဝါ ဆုချမယ်ဆိုတာ ယုံကြည်စိတ်ချပါတယ်။—ဟီဘရူး ၁၀:၃၄