မာတိကာဆီ ကျော်သွား

ညီအစ်မ ဗာလင်တီနာ ဆူဗိုရာဗာနဲ့ ခင်ပွန်း ဗလာဒီမာ

၂၀၂၁၊ မတ် ၉
ရုရှား

ခုနစ်ဆယ့်သုံးနှစ်အရွယ် ညီအစ်မ ယုံကြည်ချက်ကြောင့် တရားစွဲခံရ

ခုနစ်ဆယ့်သုံးနှစ်အရွယ် ညီအစ်မ ယုံကြည်ချက်ကြောင့် တရားစွဲခံရ

စီရင်ချက် ချမယ့်အချိန်

ချီယာဘင့်စ်၊ မီတလော့ဂျီချက်စကီ ခရိုင်တရားရုံးက ညီအစ်မ ဗာလင်တီနာ ဆူဗိုရာဗာ အမှုကို မကြာခင် စီရင်ချက် ချပါတော့မယ်။ a ဘယ်လို ပြစ်ဒဏ်ပေးသင့်ကြောင်း အစိုးရ ရှေ့နေတွေ တောင်းဆိုထားတာမျိုး မရှိသေးဘူး။

ကိုယ်ရေးအကျဉ်း

ဗာလင်တီနာ ဆူဗိုရာဗာ

  • မွေးဖွားတဲ့နှစ်- ၁၉၄၈ (ဆရပ်ဆကွိုင်၊ ကူဂမ်ဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ- ချီယာဘင့်စ် ဂီတသင်တန်းကျောင်းမှာ နှစ် ၃၀ ကျော် သင်ကြားခဲ့ပြီးနောက် ပင်စင်ယူတယ်။ ဥယျာဉ်ခြံ စိုက်တာ၊ ကတာ၊ သီချင်း နားထောင်ရတာ ကြိုက်တယ်

    ၁၉၇၃ မှာ ဗလာဒီမာနဲ့ လက်ထပ်တယ်။ သား အီဂို ကင်ဆာရောဂါနဲ့ ဆုံးသွားတာ နှစ်အတော်ကြာပြီ။ မကြာသေးခင်က မိခင်နဲ့ ညီမလည်း ဆုံးပါးသွားတယ်

အမှုနောက်ကြောင်း

၂၀၁၉၊ မတ် ၂၆ ရက်မှာ လက်နက်ကိုင် ရဲအရာရှိတွေက ချီယာဘင့်စ်နဲ့ ရီမင်ဇီလင့်ခ်မှာ ရှိတဲ့ ညီအစ်ကိုတွေရဲ့ အိမ် ၂၀ ကျော်ကို ဝင်ရောက်စီးနင်းကြတယ်။ အချိန်အကြာကြီး စုံစမ်းစစ်ဆေးပြီးနောက် ၂၀၁၉၊ ဒီဇင်ဘာ ၅ မှာ အသက် ၇၃ နှစ်အရွယ် ညီအစ်မ ဗာလင်တီနာကို ကျမ်းစာဖတ်လို့၊ ယုံကြည်ချက်အကြောင်း တခြားသူတွေကို ပြောပြလို့ ရာဇဝတ်မှုနဲ့ တရားစွဲတယ်။ လောလောဆယ် ညီအစ်မကို အသွားအလာ ကန့်သတ်ထားတယ်။ ဗလာဒီမာလည်း ခရစ်ယာန် ယုံကြည်ချက်ကြောင့် အမှု ရင်ဆိုင်နေရတယ်။

သူတို့ အိပ်နေချိန် လက်နက်ကိုင် ရဲအရာရှိတွေ ဝင်ရောက်စီးနင်းတဲ့အကြောင်း ညီအစ်မ ပြန်ပြောပြတယ်- “မျက်နှာမသစ်၊ ခေါင်းမဖြီး၊ အဝတ်တောင် မလဲရဘူး။ အိမ်ထဲက စားပွဲ၊ ဘီရို၊ လက်ဝတ်ရတနာ သေတ္တာ၊ ပိုက်ဆံအိတ်၊ အိတ်ကပ် ရှိသမျှကို မြေလှန်ရှာကြတယ်။ . . . ပန်းအိုးတွေထဲ ရှာတယ်။ အိပ်ခန်းထဲ အကုန်လုံး ရှာကြတယ်။”

အသက်အရွယ်နဲ့ ကျန်းမာရေးကြောင့် နှိပ်စက်မှုတွေ ကြုံရတဲ့အခါ ဘယ်လို ဖြစ်မလဲလို့ ဗာလင်တီနာ စိုးရိမ်မိတယ်။

ကိုယ်ပိုင် ကျမ်းစာလေ့လာမှု ပုံမှန် လုပ်တာက သစ္စာရှိဖို့ ကူညီပေးတယ်လို့ ဗာလင်တီနာ ပြောတယ်။ “နေ့စဉ် ကျမ်းချက် ဖတ်တာ၊ ဖတ်တဲ့ အကြောင်းအရာကို တွေးတောဆင်ခြင်တာ၊ လက်တွေ့ကျင့်တာတွေက အခက်အခဲအားလုံးကို ရင်ဆိုင်ဖို့ ကူညီပေးတယ်” လို့ ပြောတယ်။

စိတ်ဖိစီးချိန်မှာ ခံရပ်နိုင်ဖို့ အစည်းအဝေးတွေအတွက် ပြင်ဆင်တာ၊ တက်ရောက်တာ၊ ကိုယ်ပိုင်လေ့လာမှုနဲ့ မိသားစု ဝတ်ပြုမှု လုပ်တာတွေက အရေးကြီးတယ်လို့ ဗာလင်တီနာ ထပ်ပြောတယ်။ “အစည်းအဝေးတိုင်းမှာ အသစ်တစ်ခုခု သိရပြီး အဲဒါကို လက်တွေ့ကျင့်ဖို့ ကြိုးစားတယ်” လို့ ပြောတယ်။ စိတ်ရင်းမှန်နဲ့ ဆုတောင်းတာက အများကြီး သက်သာရာရစေတယ်။ “ဘုရားရဲ့ ကူညီမှုအတွက် အမြဲ ကျေးဇူးတင်တယ်” လို့ ပြောတယ်။

ဒါ့အပြင် “ဘာကိုမှ ကြောက်စရာ မလိုဘူး။ ယုံကြည်ခြင်းမှာ ခိုင်ခံ့သန်မာနေပါ။ မဿဲ ၆:၃၃ နဲ့ ၂ ကောရိန္သု ၁:၃၊ ၄ ကို သတိရပါ” လို့ တခြားသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဆက်သတိပေးတယ်။

ဗာလင်တီနာနဲ့ ဗလာဒီမာတို့ အပါအဝင် ရုရှားမှာ ရှိတဲ့ ညီအစ်ကို ညီအစ်မတွေဟာ ဆာလံ ၆၄:၁၀ မှန်ကန်ကြောင်း သက်သေပြနေကြတယ်- “ဖြောင့်မတ်သူက ယေဟောဝါကြောင့် ဝမ်းမြောက်ပြီး ဘုရားဆီ ခိုလှုံလိမ့်မယ်။ စိတ်ရိုးဖြောင့်သူအားလုံး အားရရွှင်လန်းလိမ့်မယ်။”

a စီရင်ချက် ချမယ့်ရက်ကို ကြိုမသိနိုင်ပါ။