မာတိကာဆီ ကျော်သွား

ဘယ်မှညာ၊ အပေါ်– ညီအစ်ကို အလက်ဆီ အန်တယူကင်၊ ဆာဂေး ဘိုက်ရဗ်၊ ယူရီ ဂါလကာ၊ ဗာလေရီ ဂူရ်စကီ၊ ဗစ်တာလီ နေရုရှ်။ အောက်– ညီအစ်ကို အီဂေါ ပိုပို့ဗ်၊ ယေ့ဂျနီ စာကိုလော့ဗ်၊ မီခေးလ် ဗီစီလော့ဗ်၊ အနာတိုလီ ယာဂူပေါ့ဗ်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်
ရုရှား

ခံနိုင်ရည်ကြောင့် ရလဒ်ကောင်းတွေ ရရှိ

ခံနိုင်ရည်ကြောင့် ရလဒ်ကောင်းတွေ ရရှိ

ဗိုရိုနာ့ဇ်ဒေသ၊ လက်ဗိုဘာယက်နီ ခရိုင်တရားရုံးက ညီအစ်ကို အလက်ဆီ အန်တယူကင်၊ ဆာဂေး ဘိုက်ရဗ်၊ ယူရီ ဂါလကာ၊ ဗာလေရီ ဂူရ်စကီ၊ အီဂေါ ပိုပို့ဗ်၊ ဗစ်တာလီ နေရုရှ်၊ စတက်ဖာ ပန်ကရာတော့ဗ်၊ a ယေ့ဂျနီ စာကိုလော့ဗ်၊ မီခေးလ် ဗီစီလော့ဗ်နဲ့ အနာတိုလီ ယာဂူပေါ့ဗ်တို့ရဲ့ အမှုကို မကြာခင် စီရင်ချက် ချပါတော့မယ်။ အစိုးရရှေ့နေက ချမှတ်စေလိုတဲ့ ပြစ်ဒဏ်ကို မတောင်းဆိုသေးပါ။

အချိန်ပြဇယား

  1. ဇူလိုင် ၁၃၊ ၂၀၂၀

    ဗိုရိုနာ့ဇ်ဒေသနဲ့ ပတ်ဝန်းကျင်ဒေသက ယေဟောဝါသက်သေတွေရဲ့ အိမ်ပေါင်း ၁၀၀ ကျော်ကို အာဏာပိုင်တွေ ဝင်ရောက်ရှာဖွေခဲ့ကြတယ်။ ညီအစ်ကို/မ ၄၀ ကျော်ကို စစ်ဆေးမေးမြန်းဖို့ ခေါ်သွားတယ်။ အထက်ပါ ညီအစ်ကို ဆယ်ယောက်ကို ယာယီချုပ်ထားတယ်။

  2. ဇူလိုင် ၁၄-၁၅၊ ၂၀၂၀

    ညီအစ်ကို ဆယ်ယောက်စလုံးကို အချုပ်ထောင် ပို့လိုက်တယ်။

  3. သြဂုတ် ၃–စက်တင်ဘာ ၁၈၊ ၂၀၂၀

    ညီအစ်ကို ဘိုက်ရဗ်၊ ပန်ကရာတော့ဗ်၊ ပိုပို့ဗ်နဲ့ ယာဂူပေါ့ဗ်တို့ကို အချုပ်ထောင်ကနေ လွှတ်ပေးပြီး နေအိမ် အကျယ်ချုပ်ချတယ်။

  4. ဒီဇင်ဘာ ၁-၃၊ ၂၀၂၀

    ညီအစ်ကို အန်တယူကင်၊ ဂါလကာ၊ ဂူရ်စကီ၊ နေရုရှ်၊ စာကိုလော့ဗ်နဲ့ ဗီစီလော့ဗ်တို့ကို အချုပ်ထောင်ကနေ လွှတ်ပေးတယ်။ ညီအစ်ကို ဘိုက်ရဗ်၊ ပန်ကရာတော့ဗ်၊ ပိုပို့ဗ်နဲ့ ယာဂူပေါ့ဗ်တို့ကို နေအိမ် အကျယ်ချုပ်ကနေ လွှတ်ပေးတယ်။

  5. ဒီဇင်ဘာ ၁၃၊ ၂၀၂၁

    ပြစ်မှု စတင် ကြားနာစစ်ဆေးတယ်။

ကိုယ်ရေးအကျဉ်း

ယေဟောဝါဘုရားကို ဆက်ယုံကြည်ကိုးစားနေကြတဲ့ ရုရှားညီအစ်ကို၊ ညီအစ်မတွေရဲ့ ခံနိုင်ရည်ကြောင့် ရလဒ်ကောင်းတွေ ရရှိနေတာ အားရှိစရာပါပဲ။—ယာကုပ် ၁:၄

a b ညီအစ်ကို ပန်ကရာတော့ဗ်ရဲ့ ဓာတ်ပုံ မရယူနိုင်ပါ။